ရှေ့သို့
Image

Play-offs နှင့် လွဲချော်ခဲ့ပြီးနောက် ဒီစီယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ ရွန်းနီ

9:03 AM, 9 October

ဝိန်းရွန်းနီဟာ မေဂျာလိဂ်ဘောလုံးအသင်းဖြစ်တဲ့ ဒီစီယူနိုက်တက်ကနေ ထွက်ခွာသွားပြီလို့ ကလပ်အသင်းက ကြေညာခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို နှစ်ဦးနှစ်ဖက်သဘောတူစွာ ချမှတ်ခဲ့တာဖြစ်တယ်လို့ MLS ကလပ်က ပြောကြားခဲ့ပြီး ရွန်းနီရဲ့ ၁၅ လတာ တာဝန်ယူမှုဟာ အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

ဒီစီယူနိုက်တက်ဟာ စနေနေ့က နယူးယော့ခ်အက်ဖ်စီကို ၂-၀ ဂိုး ဖြင့် အနိုင်ရခဲ့သော်လည်း ၄ နှစ် ဆက်တိုက် play-off နှင့် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ဒီစီယူနိုက်တက်အမှုဆောင်အရာရှိချုပ်နှင့် တွဲဖက်ဥက္ကဌ လီဗီယန်က "ကျွန်တော်တို့ ရွန်းနီနဲ့ စကားပြောပြီးပါပြီ။ ဒီအချိန်မှာ လမ်းခွဲလိုက်တာက အကောင်းဆုံးပဲလို့ သဘောတူခဲ့ပါတယ်"

"ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ရဲ့ နောက်ထပ်အထွေထွေမန်နေဂျာအတွက် အတွေးအခေါ်သစ်နှင့် ဖွဲ့စည်းတည်ဆောက်ပုံအသစ်ကို အားကစားဆိုင်ရာလည်ပတ်မှုများတွင် ပေးအပ်ရန် အခွင့်အလမ်းအပြည့်ရှိစေပါတယ်။ အဆိုပါအချက်နဲ့ အကောင်းဆုံးကိုက်ညီမယ့် နည်းပြချုပ်တစ်ဦးရဲ့ အရေးပါမှုကို ဖော်ထုတ်မှုနဲ့အတူ စတင်သွားမှာ ဖြစ်ပါတယ်" "အသင်းနဲ့အတူ ကစားသမားအဖြစ်ရော အသင်းခေါင်းဆောင်အဖြစ်နဲ့ပါကစားခဲ့ပြီး မကြာသေးမီက ကျွန်တော်တို့ရဲ့အသင်းရဲ့ နည်းပြအဖြစ်နဲ့ပါ Nation’s Capital မှာရှိခဲ့တဲ့အပေါ် သူရဲ့လုပ်ဆောင်ပေးခဲ့တဲ့ အရာတွေအတွက် ရွန်းနီကို ကျေးဇူးတင်ပါတယ်" "သူဟာ ဒီစီယူနိုက်တက်မိသားစုရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တန်ဖိုးထားမြတ်နိုးရတဲ့သူ အဖြစ် ရှိနေပါတယ်"လို့ ပြောပါတယ်။

ယူနိုက်တက် ဂန္တဝင်ကစားသမားဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း ဘာမင်ဂမ်စီးတီးအသင်းနဲ့ ချိတ်ဆက်မှုများ ရှိနေခဲ့ပြီး နောက်လာမယ့်အရာတွေအတွက် ဖွင့်ဟခဲ့ပါတယ်။

"အချိန်ကိုက်ပါပဲ။ ဒီကလပ်ကို ဆီးမီးဖိုင်နယ်သို့ရောက်အောင် တတ်နိုင်သမျှ လုပ်ခဲ့ပြီးပါပြီ။ ဖြစ်ပျက်ခဲ့တာ တစ်ခုတည်း မဟုတ်ပါဘူး။ အချိန်ကိုက်ပါပဲ" "ဘာတွေရှိလဲတော့ မသိပါဘူး။ မီဒီယာတွေမှာ သတင်းတွေ အများကြီး တွေ့ဖူးပါတယ်။ ဘာမှ အစီစဉ်မှမရှိဘဲ ကျွန်တော် ပြန်တော့မှာပါ" လို့ ရွန်းနီက ပြောပါတယ်။

ရွန်းနီဟာ ဒါဘီကောင်တီမှထွက်ခွာပြီးနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီစီယူနိုက်တက်သို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

#ရွန်းနီ #ဒီစီယူနိုက်တက်