ရှေ့သို့
Image

ဘရန့်ဖို့ဒ်နဲ့ ပွဲက အနိုင်ပွဲဟာ အသင်းရဲ့အလှည့်အပြောင်းဖြစ်ဖို့အတွက် ယူနိုက်တက်အား တောင်းဆိုလိုက်တဲ့ ဒါလော့

8:53 AM, 9 October

နိုင်ငံတကာပွဲစဉ်များကစားခဲ့ပြီးနောက် ဘရန့်ဖို့ဒ်အား comeback ဖြင့် အနိုင်ရခြင်းဟာ 'အလှည့်အပြောင်း' ဖြစ်ပြီး မှားယွင်းတဲ့အရာမဟုတ်ကြောင်း ပြသဖို့ ယူနိုက်တက်အသင်းဖော်တွေကို ဒါလော့က တောင်းဆိုလိုက်ပါတယ်။

တွန်မီနေးဟာ အရန်ခုံကနေ ဝင်ရောက်လာခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့ကာ ရမှတ် ၃ မှတ် ရရှိခဲ့ပြီး ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲအရပ်ရပ်တွင် အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နှင့် ဂါလာတာဆာရေးတို့ကို ရှုံးနိမ့်ပြီးနောက် ပရိသတ်များရဲ့ စိတ်ပျက်အားငယ်မှုအချို့ကို ဒါလော့က ပြောကြားခဲ့ပြီး ဆိုးရွားနေတဲ့ရာသီကနေ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အတွက် တွန်မီနေးရဲ့ နောက်ကျဂိုးဖြင့်အနိုင်ရရှိမှုကို အသုံးပြုရမယ်လို့ ပြောကြားလိုက်ပါတယ်။

"ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်ကြာမှာ ကျွန်တော်တို့အတွက် ရမှတ် ၃ မှတ် ထက် အနည်းငယ်ပိုတယ်လို့ ထင်ပါတယ်" "ကျွန်တော်တို့ အနိုင်ရတဲ့ နည်းလမ်းလို့ ထင်တယ်။ မိနစ် ၉၀ ထက်စောပြီး ဂိုး မသွင်းနိုင်ခဲ့တာက သိသာထင်ရှားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိုက်ပွဲဝင်ဖို့ ဒီမှာရှိနေပါတယ်။ ကျွန်တော်တို့ အတူတကွ ခံစားခဲ့ရပြီး ကြိုးစားခဲ့ကြတာဖြစ်ပါတယ်" "ပရိသတ်တွေက ကျွန်တော်တို့ ခြေလှမ်းတိုင်းရဲ့နောက်မှာ ရှိနေခဲ့ပြီး ဒါက အသင်းအတွက် အချိုးအကွေ့တစ်ခုလို့ ထင်ပါတယ်။ ဒါကို အချိုးအကွေ့တစ်ခုအနေနဲ့ မြင်ချင်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါဟာ ယူနိုက်တက်ကစားသမားဖြစ်ဖို့ ကျွန်တော်တို့တွေက အဆုံးအချိန်ထိ တိုက်ပွဲဝင်နိုင်တဲ့ သက်သေပဲလို့ ထင်ပါတယ်" လို့ ပေါ်တူဂီ နောက်ခံလူက ပြောပါတယ်။

အိုနာနာရဲ့ ဆိုးရွားတဲ့ အမှားတွေနဲ့အတူ ခံစစ်ပိုင်း အမှားအယွင်းတွေ ပေါင်းစပ်မိသွားချိန်မှာတော့ ဘရန်ဖို့ဒ်အတွက် ဂျက်ဆန်က ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ တန်ဟက်က အသင်းသားတွေကို စိတ်တည်ငြိမ်ဖို့ ပြောကြားခဲ့ပြီး ပွဲရဲ့အစီစဉ်ကြောင့် နောက်ဆုံးမှာ ဘရန့်ဖို့ဒ်ကို အသားစီးရခဲ့တယ်လို့ ဒါလော့က ယုံကြည်နေပါတယ်။

"ဒီလိုပွဲမျိုးမှာ အနိုင်ရလိုက်တာနဲ့ အဝတ်လဲခန်းထဲရောက်သွားတဲ့အခါ သိသိသာသာ စိတ်လှုပ်ရှားနေပြီး လူတိုင်း ကြည့်ရှုနိုင်မှာဖြစ်သလို သူတို့ကအရာရာကို ပေးဆပ်ခဲ့တာကို မြင်နိုင်မှာဖြစ်ပါတယ်" "ပထမပိုင်းအပြီးမှာ ကျွန်တော်တို့က ငြိမ်သက်ခဲ့ပြီး နည်းပြပြောတာကို နားထောင်ခဲ့ကာ တစ်ချို့အရာတွေကို ပြောင်းလဲဖို့ ကြိုးစားပြီး လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်" "နောက်တန်းမှာ ဟာကွက်တွေရှိတာကြောင့် ကျွန်တော်တို့က ပွဲကိုပြောင်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပါ" လို့ ပွဲအပြီးအောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ၈ ပွဲ မှာ ၄ ပွဲ နိုင် ၄ ပွဲ ရှုံးနိမ့်ထားပြီးနောက် အဆင့် ၁၀ နေရာမှာ ရပ်တည် နေပါတယ်။ တန်ဟက်ရဲ့အသင်းဟာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ရှက်ဖီးယူနိုက်တက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး တစ်ပတ်အကြာမှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးနှင့် အိုးထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်ပါတယ်။

"ကျွန်တော့်အတွက် အရေးအကြီးဆုံးက နောက်ဆုံးအထိ တိုက်ပွဲဝင်ကစားသွားဖို့နဲ့ ပရိသတ်တွေက ကျွန်တော်တို့ကို အားပေးတဲ့ပုံစံက ကျွန်တော်တို့နဲ့အတူ ရှိနေတာကို ပြသဖို့ပါပဲ" "သူတို့က ကျွန်တော်တို့နဲ့အတူ တစ်လျှောက်လုံးရှိနေခဲ့ပြီး ဒီလိုမျိုး ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်" လို့ ဒါလော့က ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘရန့်ဖို့ဒ် #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ်