ရှေ့သို့
Image

ခရိုအေရှားလက်ရွေးစင်အသင်းရဲ့ ရွှေဘောလုံးဆုရှင်ကစားသမားကို ခေါ်ယူရန် တိုက်တွန်းလိုက်တဲ့ မက်ဆီ

12:46 PM, 8 October

ကမ္ဘာ့ဖလားချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့အပြီးမှာ ပီအက်စ်ဂျီအသင်းကနေ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ကစားကာ ကလပ်အသင်းအပြင် နိုင်ငံ့လက်ရွေးစင်အသင်းတွင်ပါ ခြေစွမ်းပြနေဆဲဖြစ်တဲ့ မက်ဆီက မေဂျာလိဂ် ကလပ် အင်တာမီယာမီအသင်းအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ခရိုအေးရှားလက်ရွေးစင် ကစားသမား မိုဒရစ်ကို ခေါ်ယူရန် အကြံပြုလိုက်တာပဲ ဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ပိုင်းတွင် စူပါစတားကစားသမားတစ်ဦးအဖြစ် ကာလရှည်ကြာ ခြေစွမ်းပြကစားပေးနိုင်ခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်အနေဖြင့် ဘယ်လင်ဂမ်၊ ကာမာဗင်ဂါ၊ ချူအာမန်နီတို့ ရောက်လာမှုနဲ့အတူ ပုံမှန်ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ဝါရင့်တိုက်စစ်မှုးအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းကောင်းပြသကာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ထားနိုင်ခဲ့ပေမဲ့ ပဲရစ်ပရိတ်သတ်တွေရဲ့ ဝေဖန်မှုဒဏ်ကို ကြုံတွေ့နေရပြီး အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်ခဲ့ကာ စာချူပ်သက်တမ်း ကုန်ချိန်မှာ အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။


ဥရောပအခြေစိုက် နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ မာကာသတင်းဌာနက မက်ဆီအနေဖြင့် အဓိက ပြိုင်ဘက် ပေါ်တူဂီဝါရင့်တိုက်စစ်မှုး သွားရောက်ကစားနေတဲ့ ဆော်ဒီမြေကို ပြောင်းရွှေ့နိုင်ပြီး အယ်ဟီလယ်အသင်းက မြင့်မားတဲ့ လုပ်ခ နှုန်းထားဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၄၀၀ ဖြင့် ကမ်းလှမ်းထားခဲ့ကြောင်းပါ နာမည်ကြီးခဲ့ပေမယ့် အင်တာမီယာမီအသင်းကိုသာ ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ မက်ဆီရဲ့ အင်တာမီယာမီအသင်းတွင် လာလီဂါစတားတွေဖြစ်တဲ့ ဘက်စ်ကွက်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။


မိုဒရစ်ရဲ့ မေဂျာလိဂ် ခရီးစဉ်ဖြစ်ပေါ်နိုင်ခြေနဲ့ ပက်သက်လို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ မီဂျာတိုဗစ်က “မက်ဆီက မိုဒရစ်နဲ့အတူ တွဲကစားချင်ပုံရပါတယ်။ ခရိုအေရှားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ဘက်ခမ်းနဲ့ မိုဒရစ်တို့ ညစာစားနေခဲ့ကြပါသေးတယ်” လို့ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မက်ဆီ #မိုဒရစ် #အင်တာမီယာမီ မေဂျာလိဂ်