ရှေ့သို့
Image

လန်းစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဆာလီဘာကို ဝေဖန်လိုက်တဲ့ အွန်နရီ

1:43 PM, 6 October

အာဆင်နယ်အသင်းဂန္ထဝင်တိုက်စစ်မှူးဟောင်း အွန်နရီက လန်းစ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဆာလီဘာရဲ့ခံစစ်စွမ်းဆောင်ရည်ကို မေးခွန်းထုတ်လိုက်ပါတယ်။

အာဆင်နယ်ဟာ အဆိုပါပွဲစဉ်မှာ ဂျီးဆပ်စ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်အမှားတွေကနေ ၂-၁ နဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာတီတာ အတွက်လည်း ခေါင်းခဲစရာက ဆာကာတစ်ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး မန်စီးတီးနဲ့ပွဲကို မသေချာတော့တာဖြစ်ပါတယ်။

ဂျီးဆပ်စ်ဂိုးသွင်းပြီးနောက် ၁၁ မိနစ်အကြာမှာပဲ သောမက်စ်ဆင်က ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ အဲ့နောက် ဝါဟီက လန်းစ်အတွက်အနိုင်ဂိုးကို အာဆင်နယ်နောက်တန်း နဲ့ ဂိုးသမားကြားကနေ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်စတားဟောင်းက အဆိုပါပွဲစဉ်မှာ ဆာလီဘာရဲ့အားစိုက်မှုတွေကို သဘောမကျဖြစ်နေတာဖြစ်ပါတယ်။

“ဝါဟီရဲ့အဆုံးသတ်မှုက တကယ်ကောင်းပါတယ်။ ပထမဆုံးပြောချင်တာက ဝါဟီအနေနဲ့ ဆာလီဘာရဲ့အဝေးမှာ ဘယ်လိုနေတာလဲဆိုတာပါပဲ။ သူ့အနေနဲ့ ဆာလီဘာနားမှာနေမယ်ဆိုရင် ဂိုးသွင်းခွင့်မရဘူးဆိုတာ သိပါတယ်။ အခြားတစ်ဖက်မှာတော့ ဆာလီဘာရဲ့စွမ်းဆောင်ရည်က ဒီနေ့မှာ သိပ်မကောင်းခဲ့ပါဘူး။ သူ့အနေနဲ့ ပြိုင်ဘက်တိုက်စစ်မှူးဘယ်နေရာမှာလဲဆိုတာကို ကြည့်ရမှာပါ။ သူက တိုက်စစ်မှူး ဘယ်မှာရှိလဲဆိုတာကို မကြည့်ပါဘူး။
တိုက်စစ်မှူးကပဲ ဂိုးသွင်းနိုင်တာပါ။ အဲ့တာကို သူက ပြိုင်ဘက်တိုက်စစ်မှူးကို မကြည့်ပါဘူး”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဆာကာပါဝင်နိုင်မလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားဟာ ပြီးခဲ့တဲ့နောက်ဆုံး ၃ ပွဲကို အပြီးထိ မကစားနိုင်ခဲ့ပဲ အင်္ဂါနေ့တုန်းကလည်း ပွဲကစားချိန် ၃၄ မိနစ်မှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

#ဆာလီဘာ #အာဆင်နယ် #လန်းစ် #ချန်ပီယံလိဂ် #အွန်နရီ