အိုလီဝက်ကင်းစ်၊ ဘိုဝမ်နဲ့ ဆာကာတို့ပါဝင်နေတဲ့ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းလူစာရင်း
10:57 AM, 6 October
အင်္ဂလန်အသင်းဟာ အောက်တိုဘာ ၁၃ ရက် သောကြာနေ့တွင် ဝင်ဘာလေကွင်း၌ ခြေစမ်းပွဲအဖြစ် သြစတြေးလျအသင်းနှင့် ကစားမှာဖြစ်ပြီး အင်္ဂါနေ့ အောက်တိုဘာ ၁၇ ရက်မှာတော့ အိမ်ကွင်း၌ ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် အီတလီကို ဧည့်ခံကစားမှာဖြစ်ပါတယ်။
ယူရို ၂၀၂၀ ဖိုင်နယ်မှာ အီတလီဟာ အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ပြန်လည်ကစားမယ့် မကျေပွဲလည်းဖြစ်ပါတယ်။ အင်္ဂလန် အသင်းဟာ ဂျာမနီမှာကျင်းပမယ့် ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်ဖို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပြီး ဆောက်ဂိတ်ရဲ့ အသင်းဟာ လက်ရှိ အုပ်စု C ရဲ့ ထိပ်ဆုံးမှာ အီတလီကို ၆ မှတ် ဖြတ်ထားပါတယ်။
အင်္ဂလန်ဟာ အီတလီကိုအနိုင်ရခဲ့ပါက ယူရို ၂၀၂၄ တွင် နေရာရရှိရန် အာမခံချက်ရှိမှာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ဝက်စ်ဟမ်းတောင်ပံကစားသမား အိုဝမ်နှင့် အက်စ်တွန်ဗီလာ တိုက်စစ်မှူး အိုလီဝက်ကင်းစ်တို့ကို ပြန်လည် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘိုဝမ်ရဲ့ အသင်းဖော် ဝက်ဒ်ပရောက်စ် မပါဝင်လာခဲ့ပေမယ့် မန်စီးတီးရဲ့ ကယ်ဗင်ဖီးလစ်ကတော့ လက်ရှိရာသီမှာ မကစားရသေးသော်လည်း ပါဝင်လာခဲ့ပါတယ်။
လန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကြွက်သားဒဏ်ရာ ရရှိခဲ့ပေမယ့် ဆာကာဟာ အသင်းရဲ့လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူ မက်ဂွါရီနဲ့ ဆော်ဒီပရိုလိဂ်ကလပ်မှာ ကစားနေတဲ့ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန်ဟန်ဒါဆန်တို့လည်း ပါဝင်လာခဲ့ပါတယ်။
သြစတြေးလျ၊ အီတလီတို့နှင့် ရင်ဆိုင်ရမယ့် အင်္ဂလန်အသင်းလူစာရင်း
ဂိုး - ဂျွန်စတုန်း၊ ပစ်ဖို့ဒ်၊ ရမ်စ်ဒဲလ်။
နောက်တန်း - လီဗီကိုဝဲလ်၊ ဒန့်ခ်၊ ဂူဟီ၊ မက်ဂွါရီ၊ ဂျွန်စတုန်း၊ တိုမိုရီ၊ ထရစ်ပီယာ၊ ဝေါ်ကာ။
အလယ်တန်း- အာနိုးလ်၊ ဘယ်လင်ဂမ်၊ ဂယ်လာဟာ၊ ဟန်ဒါဆင်၊ ကယ်လ်ဗင်ဖီးလစ်၊ ဒီကလန်ရိုက်စ်။
ရှေ့တန်း- ဘိုဝမ်၊ ဖိုဒန်၊ ဂရီးလစ်ချ်၊ ကိန်း၊ မက်ဒီဆင်၊ အန်ကီတီယား၊ ရက်ချ်ဖို့ဒ်၊ ဆာကာ၊ ဝက်ကင်းစ်။