ရှေ့သို့
Image

ပေါ်တိုနဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့ပြီးနောက် ဂရန်နာဒါနဲ့ ပွဲကို လွဲချော်မယ့် လီဝန်ဒေါစကီး

8:45 AM, 6 October

သတင်းထောက် ဇာဗီကမ်ပို့စ်ရဲ့အဆိုအရ ပေါ်တိုနဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးတစ်ယောက် ဂရန်နာဒါနဲ့ ကစားမယ့်ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၅ နှစ်သားဟာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ပွဲရဲ့ပထမပိုင်းမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ကာမိုရဲ့ဖျက်ထုတ်မှုကြောင့် လီဝန်ဒေါစကီးဟာ ဘယ်ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဆေးကုသမှုခံယူပြီး ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေတာကြောင့် ဖာရန်တောရက်စ်နဲ့ လူစားလဲခဲ့ရပါတယ်။

ပွဲအပြီးမှာ လီဝန်ဒေါစကီးတစ်ယောက် ဘယ်ဘက်ခြေထောက်မှာ ဒဏ်ရာ ရရှိနေတယ်လို့ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လူစားလဲခံခဲ့ရပြီးနောက် လီဝန်ဒေါစကီးကို အရန်ခုံမှာ ဒဏ်ရာ ရရှိနေတဲ့ခြေထောက်အား ရေခဲကပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂရန်နာဒါနဲ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာကို ဇာဗီက “ဆက်လက်စောင့်ကြည့်ပါဦး”လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သတင်းထောက် ဇာဗီရဲ့အဆိုအရ ပိုလန်သားရဲ့အခြေအနေဟာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဂရန်နာဒါနဲ့ပွဲကို ရာဖင်ဟာအပြင် လီဝန်ဒေါစကီးပါလွဲချော်မှာဖြစ်တာကြောင့် ဇာဗီအတွက်  ရွေးချယ်စရာနည်းသွားခဲ့ပြီဖြစ်ပါတယ်။

ပိုလန်သားမပါဝင်နိုင်ချိန်မှာ ဖာရန်တောရက်စ်က တိုက်စစ်ကို ဦးဆောင်လာဖွယ်ရှိနေပါတယ်။ အသက် ၂၃ နှစ်သားဟာ ပြီးခဲ့တဲ့ညတုန်းက ဂိုးသွင်းခဲ့ပြီး လီဝန်ဒေါစကီးပြီးနောက် ဘာစီလိုနာရဲ့ဂိုးသွင်းအများဆုံးအဖြစ် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

တိုက်စစ်ပိုင်းအတွက် ဂျာအိုဖီးလစ်ရှိနေပေမယ့် ဇာဗီက ပေါ်တူဂီသားအားသန်တဲ့ ဘယ်ခြမ်းမှာပဲ ဆက်ထားချင်နေပါတယ်။

#လာလီဂါ #ဂရန်နာဒါ #လီဝန်ဒေါ့စကီး #ပေါ်တို