ရှေ့သို့
Image

လီဗာပူးရဲ့စီမံကိန်းက ချဲလ်ဆီးထက်ပိုတည်ငြိမ်တယ်လို့ ကိုင်စီဒိုရဲ့အေးဂျင့် ဝန်ခံပြောကြား

8:42 AM, 6 October

ချဲလ်ဆီးကစားသမား ကိုင်စီဒိုရဲ့အေးဂျင့်က လီဗာပူးအသင်းရဲ့စီမံကိန်းက ချဲလ်ဆီးထက်ပိုတည်ငြိမ်တယ်လို့ ဝန်ခံပြောကြားလိုက်ပြီး ကလော့ပ်က သူ့ကစားသမားကို မူးနောက်နေအောင် ပုဂ္ဂိုလ်ရေးချဉ်းကပ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

အီကွေဒေါသားကို နွေရာသီအပြောင်းအရွှေ့တုန်းက လီဗာပူး နဲ့ ချဲလ်ဆီးတို့က လုခဲ့ကြတာဖြစ်ပြီး ဘရိုက်တန်နဲ့ လီဗာပူးတို့ကြား ပြောင်းရွှေ့ကြေးပါ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းက လီဗာပူးအသင်းထက်ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့ပြီး ပေါင် ၁၁၅ သန်းနဲ့ သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

“ကိုင်စီဒိုရဲ့အေးဂျင့် ဆီရာရာက မိမိကစားသမားဟာ ချဲလ်ဆီးအသင်းဘက်က ဇန်နဝါရီကတည်းက စိတ်ဝင်စားခဲ့တာကြောင့် လီဗာပူးအသင်းထက် လန်ဒန်ကိုသာပြောင်းခဲ့တာဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အဲ့တာက မှန်ပါတယ်။ အာဆင်နယ်က ဇန်နဝါရီတုန်းက ကမ်းလှမ်းခဲ့ပါတယ်။ အဲ့အချိန်တုန်းက မကျော်လွှားနိုင်ခဲ့သလို ကိုင်စီဒိုကလည်း အဲ့အချိန်တုန်းက သူ့အိပ်မက်အတွက် တိုက်ပွဲဝင်နေတာပါ။ ကျွန်တော်အမြဲပြောသလို ထွက်ခွာဖို့အကြောင်း ကျွန်တော်တို့ ပြောခဲ့ပေမယ့် အဲ့တုန်းက အချိန်မကျသေးတာပါ။ နွေရာသီဈေးကွက်မှာတော့ ကျွန်တော်တို့ ထွက်ခွာဖို့ ပြောကြားခဲ့ပြီး စာချုပ်ကြောင့် ညှိခဲ့ရပါတယ်”

ဇန်နဝါရီတုန်းက ကျွန်တော်တို့ ဆွေးနွေးခဲ့ပေမယ့် ဘရိုက်တန်ဘက်က မွိုက်စ်ကို ရာသီအကုန်အထိ ဆက်ကစားစေချင်နေပြီး နွေရာသီမှာမှ ထွက်ခွာခွင့်ပေးမယ်လို့ နှုတ်အားဖြင့် သဘောတူခဲ့ပါတယ်။ ချဲလ်ဆီးက ဇန်နဝါရီတုန်းက တောက်လျှောက်ဆက်သွယ်ခဲ့တာပါ။ ဘရိုက်တန်ဘက်ကလည်း ဇန်နဝါရီမှာ ရောင်းချလိုခြင်းမရှိခဲ့ပါဘူး။ ဘရိုက်တန်ဘက်က ပေါင် ၁ ဘီလီယံပေးရင်တောင် ရောင်းမှာမဟုတ်ပါဘူး။

လီဗာပူးအစား ချဲလ်ဆီးကိုရွေးချယ်ခဲ့လို့ အမြဲတမ်းမေးခွန်းထုတ်နေကြပါတယ်။ ကမ်းလှမ်းမှုတွေက အတူတူပါပဲ။ လီဗာပူးအသင်း ကမ်းလှမ်းမှုက အရင်ရောက်လာပြီး ချဲလ်ဆီးက နောက်မှရောက်လာခဲ့ပေမယ့် ကျွန်တော်တို့ ချဲလ်ဆီးအသင်းကို ရွေးခဲ့တာက အပေါ်ကပြောခဲ့သလို ဇန်နဝါရီကတည်းကကြောင့်ပါ။

လီဗာပူးအသင်း ဝင်လာတာအရမ်းနောက်ကျခဲ့ပြီး ချဲလ်ဆီးကို သဘောတူခဲ့ပြီဖြစ်သလို ကိုင်စီဒိုကလည်း ချဲလ်ဆီးအသင်း လေ့ကျင့်ရေးကွင်းကို ရောက်နေခဲ့ပါပြီ။ ရှင်းရှင်းပြောရရင် ဘရိုက်တန်နဲ့ သူနဲ့ဆက်သွယ်မှုရှိပါတယ်။ လီဗာပူးအသင်းက အမြဲတမ်းစိတ်ဝင်စားမှုရှိပါတယ်။ ဇန်နဝါရီနဲ့ မေလကြားမှာ ကျွန်တော်တို့ တွေ့ဆုံခဲ့ပေမယ့် မေလနောက်ပိုင်းကတည်းက သူတို့ဆီကနေ ဘာသတင်းမှမကြားရတော့ပါဘူး။ ပြီးတော့မှ ရုတ်တရက်ကြီးကမ်းလှမ်းလာခဲ့သလို ကလော့ပ်ကလည်း ကိုင်စီဒိုက ပါဆင်နယ်ကနေ ချိတ်ဆက်ခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့စီမံကိန်းက ချဲလ်ဆီးချပြတဲ့စီမံကိန်းထက် ပိုကောင်းပါတယ်။ ဒါကတော့ အမှန်တရားပါ။ နောက်ဆုံးမှာတော့ ချဲလ်ဆီးအသင်းရဲ့ကမ်းလှမ်းမှုက လက်ခံခဲ့ပြီး ၂ ရက်တည်းနဲ့ အပြောင်းအရွှေ့အပြီးသတ်ခဲ့ပါတယ်”လို့ ဆီရာရာက ပြောကြားခဲ့ပါတယ်။
#လီဗာပူး #ချဲလ်ဆီး #ပရီးမီးယားလိဂ် #ကိုင်စီဒို