ရှေ့သို့
Image

ပေါ်တိုနဲ့ ပွဲစဉ်မှာ ကွင်းထဲကနေ ၉ မိနစ်ကြာထွက်ခွာသွားခဲ့တဲ့ လာမိုင်းယာမယ်လ်

3:35 PM, 5 October

ယနေ့နံနက်အစောကပိုင်းက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဘာစီလိုနာက ပေါ်တိုကို ၀-၁ နဲ့ ခက်ခက်ခဲခဲ အနိုင်ရရှိပြီး ရာနှုန်းပြည့်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာ လူငယ်တောင်ပံကစားသမား လာမိုင်းယာမယ်က ပွဲကစားချိန်အတွင်း ကွင်းထဲကနေ ရုတ်တရက်ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

ပါရမီရှင်လူငယ်ကစားသမားဟာ ၎င်းရဲ့ပထမဆုံး ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲအစကတည်းက ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ တရားဝင်အနေနဲ့ ကစားသမားဟာ မိနစ် ၈၀ အထိ ကစားခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရသော်လည်း ပွဲကစားချိန် ၇၁ မိနစ်ကတည်းက ကွင်းထဲကနေ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့အဆိုအရ ၎င်းတို့ရဲ့ကြယ်ပွင့်ဟာ အိမ်သာကို အသုံးပြုနေခဲ့တာကြောင့် အခုလို ၉ မိနစ်ကြာ ထွက်ခွာခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ လာမိုင်းယာမယ်လ် ထွက်ခွာသွားတာကြောင့် ဘာစီလိုနာဟာ ၉ မိနစ်ကြာ ၁ ယောက်လျော့နဲ့ ကစားခဲ့ရပြီး ထို့နောက်မှာတော့ အသင်းနည်းပြဇာဗီက မားကို့စ်အလွန်ဆိုကို အစားထိုးထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဇာဗီက လူငယ်ကစားသမားဟာ နေမကောင်းဖြစ်နေကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါ့အပြင်ပွဲကစားချိန် ၉၃ မိနစ်မှာ အသင်းရဲ့ကွင်းလယ်လူဂါဗီက ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ကျန်အချိန်တွေကို ဘာစီလိုနာက ၁ ယောက်လျော့နဲ့ကစားခဲ့ရပြန်ပါတယ်။ သို့သော် လာမိုင်းယာမယ်လ်ရဲ့ ထွက်ခွာမှုက ကံကောင်းထောက်မစွာပင် အသင်းကို ကြီးကြီးမားမား ထိခိုက်စေခြင်းမရှိခဲ့တာကြောင့် ကတ်တလန်သားတွေဟာ ၎င်းတို့ရဲ့အောင်ပွဲကို ထိုက်ထိုက်တန်တန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

#ဘာစီလိုနာ #ချန်ပီယံလိဂ် #ပေါ်တို #ယာမယ်လ်