ရှေ့သို့
Image

ယူနိုက်တက်အသင်းရဲ့ ရောင်းဝယ်ရေးကိစ္စ ၁၀ လအကြာတွင် ရှယ်ယာဝေစုအချို့ကို ဝယ်ယူခွင့်ရတော့မယ့် ဆာဂျင်ရက်ကလစ်ဖ်

11:31 AM, 3 October

အမေရိကန်ကလုပ်ငန်းရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုက ရလဒ်ပိုင်းသိသိသာသာ ယိမ်းယိုင်နေတာကြောင့် ကမ္ဘာတစ်ဝှမ်းမှ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေ ကြုံလာရချိန်မှာ ယူနိုက်တက်အသင်းကို ရောင်းချရန် ကြေငြာ ထားခဲ့ပြီး ၁၀ လ အကြာတွင် ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ် အနေဖြင့် ရှယ်ယာအချို့ကို ဝယ်ယူနိုင်ရန် နီးစပ်လာတာပဲ ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်အနေဖြင့် ယူနိုက်တက်အသင်းကို ဝယ်ယူခွင့်အတွက် အားစိုက်လုပ်ဆောင်ခဲ့ပြီး ၁၀ လအကြာတွင် ယူနိုက်တက်အသင်းရဲ့ ရှယ်ယာအချို့ကိုသာ ကနဦးဝယ်ရေးအတွက် ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။ ကမ္ဘာကျော်သတင်းဌာနဖြစ်တဲ့ Sky Sport သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗြိတိန်ရဲ့ အချမ်းသားဆုံး ပုဂ္ဂိုလ် ဆာဂျင်ရက်ကလစ်ဖ်ရဲ့ ကုမ္ပဏီ အင်နီယော့စ်စပေါ့က ဂလေဇာမိသားစုဘက်မှ ယူနိုက်တက်အသင်းကို တရားဝင် ရောင်းချရန် ကြေငြာချက်ထုတ်ပြန်စဉ်ကတည်းက ဆက်တိုက် ဆွေးနွေးလာခဲ့တာဖြစ်ပြီး အချိန်ကြာမြင့်လာချိန်မှာ ရှယ်ယာဝေစုအချို့ကိုသာ ကနဦးဝယ်ယူရန် ခြေလှမ်းစတင်လာတာလည်း ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလပ်စ်ဖ်အနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ရှယ်ယာအများစုကို ဝယ်ယူရန် လုပ်ဆောင်လာဦးမှာဖြစ်ပြီး အဆိုပါ အချိန်ကာလမရောက်ခင်အထိ အမေရိကန်လုပ်ငန်းရှင် ဂလေဇာမိသားစုဘက်မှ ယူနိုက်တက်အသင်းကို ထိန်းချုပ်ခွင့်ရနေဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာဝေစုအချို့ကိုသာ ရက်ကလစ်ဖ်အနေဖြင့် ဝယ်ယူနိုင်ရန် သဘောတူညီမှု ရယူခဲ့ပါက ဂလေဇာမိသားစုအပေါ် အမျက်ထွက်နေတဲ့ ယူနိုက်တက်ပရိသတ် အတွက် ထပ်ဆင့် ပေါက်ကွဲစေနိုင်တာလည်း ဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်နဲ့ ဂလေဇာမိသားစုတို့ရဲ့ ယူနိုက်တက်အသင်းရဲ့ ပိုင်ဆိုင်မှုရှယ်ယာ အချို့အတွက် အရောင်းအဝယ်ပြုလုပ်စဉ်အချိန်အတွင်းမှာ နည်းပြ တန်ဟတ်ရဲ့ ယူနိုက်တက်အသင်းက တူရကီကလပ် ဂါလာတာစာရေးအသင်းကို ချန်ပီယံလိဂ်ပွဲစဉ် အဖြစ် အို့ထရက်ဖို့ဒ်ကွင်းအတွင်းမှာ လက်ခံကစားသွားရမှာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ်