ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပထမဦးဆုံးသွင်းဂိုးရအပြီးမှာ ရော်နယ်ဒိုရဲ့စကားကို ငှားပြီး ကြုံးဝါးကြွေးကြော်လိုက်တဲ့ ချူအာမန်နီ

4:52 PM, 2 October

စပိန်လာလီဂါ ပွဲစဉ် (၈) အဖြစ် လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ဂျီရိုနာအသင်းနဲ့ ဆုဖလားဆွတ်ခူးနိုင်ရေးအတွက် အားစိုက်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်း က ၀ဂိုး - ၃ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယမြောက် အနိုင်ဂိုးရှင် ချူအာမန်နီက သွင်းဂိုးတွေ ဆက်လက်မြင်တွေ့ရမယ့် အကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာတဲ့ ချူအာမန်နီအနေဖြင့် ပုံစံကောင်းရနေတဲ့ ဂျီရိုနာအသင်းနဲ့ ပွဲစဉ်တွင် မက်ဒရစ်ကလပ် ကစားသမားဘဝ ဗွေဆော်ဦးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဂျီရိုနာအသင်းကို ၁ ဂိုးအသာနဲ့ ဦးဆောင်ကစားနေချိန် ပြင်သစ်ကြယ်ပွင့်အနေဖြင့် အနိုင်ရလဒ်အတွက် အသက်ဖြစ်တဲ့ ဒုတိယမြောက် ဦးဆောင်ဂိုးကို အမြင့်ခုန်ကာ ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး အဆိုပါ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပထမဦးဆုံးသွင်းဂိုး သွင်းယူနိုင်တဲ့အပေါ် ချူအာမန်နီက သွင်းဂိုးတွေ ဆက်တိုက်သွင်းယူလာနိုင်မယ့်အကြောင်းကို မက်ဒရစ်ကလပ်ရဲ့ စူပါစတား ရော်နယ်ဒိုရဲ့ စကားကို ကိုးကားပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၂၀၁၀ ခုနှစ်အတွင်း သွင်းဂိုးရှာဖွေပေးနိုင်ရန် ရုန်းကန်နေရချိန်မှာ သွင်းဂိုးရလာတဲ့ အချိန်တွင် ပေါ်တူဂီစူပါးစတား ရော်နယ်ဒို က ‘သွင်းဂိုးတွေက ပုလင်းထဲ ထည့်သိမ်းထားတဲ့ အချဉ်ရည်တွေလိုပါပဲ။ တစ်စက်လောက်ချလိုက်တာနဲ့ ဒလဟောထွက်လာလိမ့်မယ်’ ဆိုပြီး မှတ်ချက်ပြု ပြောဆိုထားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ချူအာမန်နီကလည်း အဆိုပါ ရော်နယ်ဒိုရဲ့ စကားနဲ့အတူ ဂျီရိုနာအသင်းဘက်ကို ဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ပုံကိုတွဲကာ ပို့စ်တင်ကာ သွင်းဂိုးတွေ ဆက်လက်သွင်းယူနိုင်မယ့် အကြောင်း ကြွေးကြော်လိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ချူအာမန်နီ #ဂျီရိုနာ