ရှေ့သို့
Image

အဟန့်အတားအချို့ ပေါ်ပေါက်လာတာကြောင့် ကွင်းပြုပြင်ရေးအတွက် အခက်တွေ့နေတဲ့ ချဲလ်ဆီး

2:16 PM, 1 October

ရုရှရှေနံလုပ်ငန်းရှင် အေဗရာမိုဗစ်ထံမှ ချဲလ်ဆီးအသင်းကို လက်လွှဲဝယ်ယူထားခဲ့တဲ့ တော့ဒ်ဘိုလီက ပိုင်ဆိုင်ခွင့်ရပြီး မကြာမီမှာ ဥရာပအခြေစိုက် ထိပ်တန်းကစားသမားတွေ ကို ပြောင်းရွှေ့ကြေး မြင့်မားစွာ ပေးချေကာ ချဲလ်ဆီးအသင်းရဲ့ ကစားသမားစုဖွဲ့မှု အပိုင်းကို အားဖြည့်ထားတဲ့အပြင် ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်ကိုပါ ပြင်ဆင်ရန် ပြုလုပ်နေပေမဲ့ အခက်အခဲအချို့တွေ့လာရတာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းက ပေါင်သန်း ၆၀ ဖြင့် ဝယ်ယူရန် ကနဦးစီစဉ်ထားတဲ့ မြေ ၁.၂ ဧကအတွက် စစ်မှုထမ်းဟောင်းဦး‌ရေ ၁၀၀ခန့်ဖြင့် ကြိုတင်သဘောတူညီမှုရယူပြီးဖြစ်ပေမဲ့ နေရာပြောင်းရွှေ့ချထားရေးအပေါ် နှစ်သက်မှုမရှိသူအချို့ရဲ့ ကန့်ကွက်ချက်ကြောင့် ဝန့်စ်ဝို့ချ်ဒေသတရားရုံးကနေ ခွင့်ပြုချက်ပေးရန် အခက်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းရဲ့ ရုပ်ပိုင်းဆိုင်ရာအပြင်အဆင်ကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကတိပြုထားတဲ့အတိုင်း အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ အစီအစဉ်ဖြင့် ချဲလ်ဆီးအသင်းက လန်ဒန်အနောက်ခြမ်းရဲ့ ဟမ်မာစမစ်ချ် နဲ့ ဖူလ်ဟမ် ကောင်စီ တွေကို ကွင်းပြုပြင်ခွင့်နဲ့ပက်သက်ပြီး ခွင့်ပြုချက်တောင်းခံထားတာပဲ ဖြစ်ပါတယ်။ ရုပ်ထုတည်ဆောက်ရန်အတွက် စရိတ်ပမာဏကို မသိရသေးပေမဲ့ တော့ဒ်ဘိုလီအနေဖြင့် ကတိကဝတ်အတိုင်း ခြေလှမ်းစတင်လာခဲ့တာဖြစ်သလို ချဲလ်ဆီးအသင်းရဲ့ အဝေးကွင်း ပရိတ်သတ်တွေအတွက်လည်း ၁၀ ပေါင် ထောက်ပံ့သွားရန် စီစဉ်ထားတာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်အဖြစ် ၂၀၂၂ ခုနှစ် မေလမှာ အလုံးစုံ လက်လွှဲရယူနိုင်ခဲ့တဲ့ အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီအနေဖြင့် ကစားသမားခေါ်ယူမှု အသုံးစရိတ်အဖြစ် ၂နှစ်အတွင်းမှာ ပေါင် ၁ ဘီလီယံကျော်အထိ အသုံးပြုထားခဲ့တာ ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး ပမာဏ မြင့်မားစွာ အသုံးပြုထားခဲ့ပေမဲ့ ကလပ်အသင်းရဲ့ ရလဒ်ပိုင်းမှာ အားနည်းနေတာကြောင့် ချဲလ်ဆီးအသင်းရဲ့ ပရိသတ်တွေအနေဖြင့် တော့ဒ်ဘိုလီရဲ့ လုပ်ရပ်တွေနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေလည်း ထွက်ပေါ်လာချိန်မှာ ကွင်းပြုပြင်တည်ဆောက်ရေးအတွက် အမေရိကန်လုပ်ငန်းရှင်ဘက်က ခြေဦးလည့်လာခဲ့တာ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းအနေဖြင့် ကွင်းနေရာ‌ရွှေ့ပြောင်းရေးအတွက် အဆိုပြုချက်အချို့ ထွက်ပေါ်လာပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ဘောလုံးကွင်းဆိုင်ရာ ဗီတိုအားနာပိုင်ဆိုင်တဲ့ စီပီအို အဖွဲ့ရဲ့ သဘောထားကသာ အရေးကြီးနေတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ပရီးမီးယားလိဂ် #တော့ဒ်ဘိုလီ