ရှေ့သို့
Image

ဆာကာ ၊ ဂျီးဆပ်စ်တို့ရဲ့အခြေအနေကို စိုးရိမ်မိတယ်လို့ အာတီတာ ထုတ်ဖော်ပြောကြား

12:06 PM, 1 October

အာဆင်နယ်နည်းပြ အာတီတာက ဘုန်းမောက်ကို ၄ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့တဲ့ ဆာကာ နဲ့ ဂျီးဆပ်စ်တို့အခြေအနေကို စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ ဘုန်းမောက်ကို ၄ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီရာသီအဝေးကွင်း ၃ ပွဲဆက်ပေးဂိုးမရှိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဆာကာကို လူစားလဲခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဘုန်းမောက်ကစားသမား မီလော့စ်ရဲ့ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကို မမြင်ခဲ့တာဖြစ်ပါတယ်။


အဆိုပါအကြောင်းကို မေးမြန်းရာမှာ အာတီတာက သူ့အနေနဲ့ ဆာကာနဲ့ စကားမပြောရသေးပဲ မြောက်လန်ဒန်ဒါဘီတုန်းကရရှိခဲ့တဲ့ဒဏ်ရာအခြေအနေမျိုးဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ပွဲအပြီးမှာ ဂျီးဆပ်စ်တစ်ယောက်လည်း ထော့နဲ့ထော့နဲ့ဖြစ်ခဲ့ပြီး အာတီတာက “ကျွန်တော် မသိသေးပါဘူး။ သူနဲ့စကားမပြောရသေးပါဘူး။ သူအနင်းခံရတာာလို့ ကျွန်တော်ထင်ပါတယ်။ အဲ့တာက တူညီတဲ့နေရာတော့မဟုတ်ပါဘူး။"


"ဂါဘီလည်း ပွဲအပြီးမှာ ထော့နဲ့ထော့နဲ့ဖြစ်နေပါတယ်။ သူတို့အခြအနေဘယ်လိုလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုရာသီအစောပိုင်းမှာ ဒဏ်ရာပြဿနာတွေရှိနေတာဖြစ်ပြီး တင်းဘား နဲ့ ပါတေးတို့ ဒဏ်ရာရရှိနေဆဲဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း မာတီနယ်လီတစ်ယောက် ပြီးခဲ့တဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့ပါတယ်။ အသင်းအနေနဲ့ ချန်ပီယံဆုစိန်ခေါ်ချင်တယ်ဆိုရင် အခုထက်ပိုပြီး ဒဏ်ရာရကစားသမားတွေများပြားလို့မရတာဖြစ်ပါတယ်။


ဆာကာရဲ့အခြေအနေကို ကြားရက်မှာကစားမယ့် လန်းစ်အသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပြီး ဂျီးဆပ်စ်လည်း မသေချာတော့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ ရာသီအစတုန်းက ဒူးဒဏ်ရာခွဲစိတ်မှုလိုအပ်ခဲ့တာဖြစ်ပြီး အသင်းဘက်ကတော့ ဘုန်းမောက်နဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာဟာ အသေးစားဒဏ်ရာအခြေအနေပဲဖြစ်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

#အာတီတာ #ဆာကာ #အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ်