ရှေ့သို့
Image

တော့တင်ဟမ်နှင့် ပွဲမတိုင်မီ အာနိုးလ်ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ ကလော့ပ်

1:23 PM, 30 September

လီဗာပူးအသင်းဟာ စနေနေ့ညနေပိုင်းတွင် မြောက်လန်ဒန်သို့ သွားရောက်မှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပုံစံအကောင်းဆုံး ရရှိနေတဲ့ အသင်းနှစ်သင်းကြား အကြိတ်အနယ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နှစ်သင်းစလုံးဟာ ၆ ပွဲကစားအပြီး ရှုံးပွဲမရှိသေးဘဲ လိဂ်ဂိုးသွင်းအများဆုံးအသင်းများထဲတွင် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှ တော့တင်ဟမ်နှင့် ၂ မှတ်အကွာတွင် ရပ်တည်နေပါတယ်။

လက်ရှိအချိန်အထိ ကလော့ပ်ရဲ့အသင်းမှာ ဒဏ်ရာကြီးကြီးမားမားရရှိထားတဲ့ ကစားသမား မရှိနေသော်လည်း အက်စတွန်ဗီလာအား ၃-၀ ဂိုး ဖြင့်အနိုင်ရသောပွဲတွင် အာနိုးလ် ဒဏ်ရာရရှိခဲ့ပြီးနောက် ဒုတိယအသင်းခေါင်းဆောင် မပါဝင်ဘဲ ကစားနေရတာဖြစ်ပါတယ်။ ညာနောက်ခံလူဟာ ပေါင်ဒဏ်ရာရရှိခဲ့သော်လည်း ယခုရက်သတ္တပတ်အစောပိုင်းတွင် ပထမအသင်းနှင့်အတူ အပေါ့စားလေ့ကျင့်မှုအချို့ပြုလုပ်ခဲ့ကြောင်း နည်းပြက ထုတ်ဖော်ပြောကြားခဲ့ပြီး ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပုံရပါတယ်။

"ထရန့်က မနေ့က ပုံမှန်လေ့ကျင့်နေပါတယ်" လို့ ကလော့ပ်က သောကြာနေ့မှာပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ "ဒီနေ့မှာ ပုံမှန်လေ့ကျင့်မယ်။ ဆုံးဖြတ်ချက်တစ်ခုချရမှာပေါ့။ ကျွန်တော် ဆရာဝန်မဟုတ်ပေမယ့် သူအသင်းမှာ ပါဝင်ကစားနေပုံပါပဲ"လို့ နည်းပြက ပြောပါတယ်။

အသင်းရှိ တခြားဒဏ်ရာရရှိသူတွေအတွက် သတင်းကောင်းမဟုတ်ပေမယ့် သီယာဂိုနဲ့ ကော်နာတို့ကတော့ ဒဏ်ရာရရှိနေတုန်းဖြစ်ပါတယ်။ "စတီဖန်မှာ အနည်းငယ် ဆုတ်ယုတ်မှု ရှိခဲ့ပါတယ်။ ခြေသလုံးဒဏ်ရာပါ။ လူတိုင်းက သူ့ကို ဒီထက်ပိုပြီး ကစားတာကိုမြင်ချင်ကြပေမယ့် သတိထားရမှာပါ"

လီဗာပူးနည်းပြအဖြစ် တော့တင်ဟမ်နှင့် ယှဉ်ပြိုင်ခဲ့တဲ့ ၁၈ ပွဲတွင် ကလော့ပ်က ၁ ပွဲသာရှုံးနိမ့်ခဲ့ပြီး ၁၁ ပွဲအနိုင်ရရှိထားပါတယ်။ သို့သော်လည်း နည်းပြသစ်ရဲ့ လက်ထက်မှာတော့ တော့တင်ဟမ်ဟာ အရင်က တိုက်စစ်ထက် ယုံကြည်မှု ပိုရှိနေပြီး ကလော့ပ်ကိုတော့ ပြိုင်ဘက်တွေက အထင်ကြီးလေးစားနေပါတယ်။

"တော့တင်ဟမ်နဲ့ပွဲက ခက်ခဲတဲ့ စမ်းသပ်မှုပါ၊ ကျွန်တော်တို့ နယူးကာဆယ်နဲ့ အဝေးကွင်းမှာ လွယ်ကူတဲ့ ပွဲမျိုး မကစားဖူးသေးပါဘူး။ ချဲလ်ဆီးကလည်း အရမ်းခက်ခဲပါတယ်။ အဝေးကွင်းတွေအားလုံးက ခက်ခက်ခဲခဲ့ ကစားခဲ့ရတာပါ" "တော့တင်ဟမ်က ကောင်းကောင်းလုပ်နေပါတယ်။ အန်ဂီက ထိပ်တန်းနည်းပြတစ်ဦးဖြစ်ပြီး သူနဲ့တွေ့ဆုံဖို့ မျှော်လင့်မိပါတယ်။ ပရိသတ်တွေကလည်း သူ့ရဲ့လုပ်ဆောင်မှုတွေကို အရမ်းသဘောကျမယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။

#လီဗာပူး #ကလော့ပ် #အာနိုးလ် #ပရီးမီးယားလိဂ်