ရှေ့သို့
Image

အဲရစ်တန်ဟက်ရဲ့ လူငယ်ကစားသမားလေး ဂါနာချိုအား အသုံးပြုမှုအပေါ် ထောက်ခံလိုက်တဲ့ ဘာဘာတော့ဗ်

12:42 PM, 29 September

လူစားဝင်ကစားပေးမှုတွင် ခြေစွမ်းပြသမှုနဲ့အတူ ဆယ်ကျော်သက် လူငယ်ကစားသမားလေးကို ပြီးခဲ့တဲ့ရာသီက အားလုံးက စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ ဂါနာချိုဟာ ယခုနှစ်အစောပိုင်းက ယူနိုက်တက်တွင် ရေရှည်အနာဂတ်အတွက် ကတိကဝတ်ပြုခဲ့ပြီး လက်ရှိနှစ်ရာသီမှာ ပထမအသင်းမှာ ပွဲထွက်ခွင့်ရရှိဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ကစားသမားဟာ လက်ရှိရာသီအဖွင့်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဝုဗ် နှင့် တော့တင်ဟမ်တို့နှင့်ပွဲတွေမှာ ရုန်းကန်ခဲ့ရသော်လည်း နည်းပြရဲ့ ဆက်လက်အသုံးပြုခြင်းကိုခံနေရတာဖြစ်ပါတယ်။ အမှန်တကယ်တော့ ပြီးခဲ့တဲ့ရက်သတ္တပတ်က ဘန်လေနဲ့ပွဲမှာ ဝင်ရောက်မကစားခဲ့ရတဲ့ အရန်ကစားသမားဖြစ်ပါဝင်ခဲ့တာကြောင့် သူ့ရဲ့အစ်ကိုဖြစ်သူက တန်ဟက်အား ဆိုရှယ်မီဒီယာမှာ ဝေဖန်ခဲ့သော်လည်း အဆိုပါပို့စ်က မကြာခင်မှာ ဖျက်သွားခဲ့ပါတယ်။

ဂါနာချိုဟာ အင်္ဂါနေ့ ပွဲထွက်လူစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်အား ၃-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းက ငြင်းလို့မရနိုင်ပေမယ့် လျင်မြန်တဲ့ တောင်ပံကစားသမားထံသို့ တန်ဟက်က စိတ်ရှည်သည်းခံပြီး ချဉ်းကပ်ဖို့ မှန်တယ်လို့ ဘာဘာတော့ဗ်က အခိုင်အမာပြောဆိုလိုက်ပါတယ်။


"ဒီတစ်ပတ်မှာ ဂါနာချိုရဲ့ဂိုးကို မြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ ပရိသတ်တွေက သူ့ကို ယူနိုက်တက်မှာ ပိုမိုပြီးကစားစေချင်ပေမယ့် သူကအချိန်လိုအပ်ပါသေးတယ်" "တန်ဟက်က ဂါနာချို အပေါ် လုံလောက်တဲ့ ယုံကြည်မှုကို ပြသနေပြီး သူ့အတွက် ကစားရမယ့် အချိန်တွေကို ဆုံးဖြတ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက အရမ်းငယ်သေးပြီး ၁၉ နှစ်ပဲ ရှိသေးတာကြောင့် အလျင်စလိုမလုပ်မိဖို့ သတိထားပြီး စိတ်ရှည်ဖို့တော့ လိုပါတယ်"

"ဂွါဒီယိုလာက ဖိုဒန်ကို ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ကြည့်ကြည့်လိုက်ပါ၊ သူက ဖြည်းညှင်းစွာ ခေါ်လာပြီး ဘာကြောင့် မကစားတာလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရပါမယ်။ နည်းပြကောင်းတစ်ဦးက လူငယ်ကစားသမားတွေကို ရှင်းပြမှာဖြစ်ပြီး ကစားသမားတွေကလည်း များသောအားဖြင့် နားလည်နိုင်လောက်အောင် တော်ကြပါတယ်" "ဂါနာချိုက အချိန်ကိုက် နေရာမှန်သို့ရောက်နေပြီး သူ့မှာ မှန်ကန်တဲ့ နည်းပြလည်း ရှိနေပါတယ်။ အခွင့်အလမ်းတွေ ပေးတဲ့အခါ ၁၀၀% ယူသင့်ပါတယ်။ နည်းပြကလည်း အဲဒါကိုမြင်ပြီး အသိအမှတ်ပြုကာ အချိန်ပေးလိမ့်ပါမယ်။ ထိုက်တန်တယ်ဆိုရင် ပထမအသင်းမှာ အခွင့်အရေးရလိမ့်ပါမယ်"

"အရည်အချင်းသစ်တွေကို ကြည့်ရတာ အမြဲတမ်း စိတ်လှုပ်ရှားစရာပါပဲ။ ပရိသတ်တွေက သူဟာ နောက်တစ်ယောက်ဖြစ်နိုင်တယ်လိုထင်ပြီး ဘယ်သူနဲ့ပဲဖြစ်ပါစေ နှိုင်းယှဉ်စပြုလာပါတယ်" "အရာရာကို အလျင်စလိုမလုပ်နဲ့။ အချို့ကိစ္စတွေမှာ ကစားသမားတွေက အမ်ဘာပေ မိုနာကိုမှာရှိစဉ်တုန်းကလို ခြွင်းချက်မရှိ ဖြစ်နေတဲ့အခါမှာ သူဘာကြောင့် အရန်ခုံမှာမရှိနေတာလဲဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုကစားသမားတွေဆိုတာ အလွန်ရှားပါပါတယ်။ လူတိုင်းရဲ့အချိန်က မတူပါဘူး။ တန်ဟက်က ဒီမှာ မှန်ကန်တာကို လုပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့ Betfair Ambassador ဘာဘာတော့ဗ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ဘာဘာတော့ဗ် #ဂါနာချို #ပရီးမီးယားလိဂ်