ရှေ့သို့
Image

နည်းပြ ရူဒီဂါစီယာအပေါ် ဒေါသတကြီးတုံ့ပြန်မှုကြောင့် ဒဏ်ရိုက်ခံရနိုင်တဲ့ နာပိုလီတိုက်စစ်မှူး အိုစီမန်

8:41 AM, 26 September

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ နာပိုလီအသင်းနဲ့ ဘိုလော့နာတို့ရဲ့ပွဲစဉ်ဟာ ဂိုးမရှိသရေကျခဲ့ပြီး သူတို့ရဲ့ကြယ်ပွင့်တိုက်စစ်မှူး အိုစီမန်က နည်းပြဖြစ်သူ ရူဒီဂါစီယာကို ဒေါသတကြီးတုံ့ပြန်မှုကြောင့် နာပိုလီအသင်းက အိုစီမင်ကို ဒဏ်ငွေရိုက်ဖို့ စဉ်းစားနေပါတယ်။

နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားသည် ပွဲပြီးခါနီးအချိန် လူစားလဲခြင်းမခံရမီတွင် ပင်နယ်တီကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ၎င်းကို လူစားလဲလိုက်ချိန်မှာတော့ အိုစီမင်ဟာ နည်းပြ ရူဒီဂါစီယာကို ဒေါသတကြီး ကြည့်နေပြီး နာပိုလီရဲ့ နည်းပြချုပ်ထံ လက်နှစ်ချောင်းထောင်ပြပြီး ဂိုးရဖို့ လိုနေသေးတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

အိုစီမန်နဲ့ ရူဒီဂါစီယာတို့ဟာ တနင်္လာနေ့မှာ နာပိုလီရဲ့ လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒီအဖြစ်အပျက်ကို ဆွေးနွေးရန်နှင့် တိုက်စစ်မှူးဟာ သူ့ရဲ့ ဒေါသတကြီးတုံ့ပြန်မှုကြောင့် ဒဏ်ရိုက်ခံရနိုင်တယ်လို့ သိရပါတယ်။ နာပိုလီအသင်းခေါင်းဆောင် လောရန်ဇိုသည်လည်း ဘိုလော့နာ အသင်းနှင့်သရေကျပြီးနောက် အဝတ်လဲခန်းအတွင်း အိုစင်မမ်နှင့် ကြမ်းတမ်းစွာ စကားပြောဆိုခဲ့ကြောင်းလည်း အီတလီမီဒီယာများက ဖော်ပြထားပါတယ်။

ဘိုလော့နာအသင်းနှင့် ပွဲစဉ်၌ အိုစီမန်၏ ဒေါသတကြီးတုံ့ပြန်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် နာပိုလီနည်းပြ ရူဒီဂါစီယာက "ဘောလုံးသမိုင်းမှာ အကောင်းဆုံးကစားသမားတွေတောင် ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာက သူထွက်သွားရင်တောင် အရန်ခုံမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော် ကွင်းထဲက ကစားသမားတွေနေရာမှာ စီမီအွန် ၊ ပိုလီတာနို ၊ အဲလ်မက်စ်တို့နဲ့အစားထိုးခဲ့တာပါ။ အထူးသဖြင့် ကိုးရက်အတွင်း လေးပွဲ ကစားဖို့ရှိနေတဲ့အပြင် ဒီလိုအရည်အသွေးရှိတဲ့ကစားသမားတွေ အများကြီးရှိတာကြောင့် ပွဲထွက်စာရင်းမှာ တူညီတဲ့ကစားသမားတွေ မိနစ် ၉၀ လုံး အမြဲတမ်းရှိမနေနိုင်ပါဘူး။ ပွဲထွက်လူစာရင်း အသင်းတစ်သင်း၊ ဒုတိယပိုင်း လူစားလဲမယ့်အခြေအနေနဲ့ ပွဲပြီးခါနီးမှာ ကစားရမယ့်ကစားသမား စသဖြင့် ရှိပါတယ်။ ကစားသမားအားလုံးကို အားကိုးပြီး ပန်းတိုင်ကိုရောက်ဖို့ ကျွန်တော်လုပ်သွားမှာပါ။ ကစားသမားတွေ လူစားလဲခံရပြီး ထွက်လာတဲ့အခါ သူတို့ မပျော်သလို ဖြစ်သွားတာက အပြုသဘောဆောင်တဲ့အချက်ပါပဲ။ နာပိုလီက ကြီးကျယ်ခမ်းနားတဲ့အသင်းပါ၊ သူတို့တွေတွေအားလုံးကို ကျွန်တော်သုံးချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #ဂါစီယာ #နာပိုလီ #အိုဆီမန်