ရှေ့သို့
Image

သူ့ရဲ့ ငယ်ဘဝ ဘာစီလိုနာအိုင်ဒေါက အားလုံးထင်ထားသလိုမဟုတ်ကြောင်း ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း

10:08 AM, 24 September

ဘာစီလိုနာဟာ ၂၀၀၀ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၁၀ ခုနှစ်အစောပိုင်းကာလများတွင် အလွှမ်းမိုးနိုင်ဆုံးနှင့် အအောင်မြင်ဆုံးအသင်းများထဲမှ တစ်သင်းဖြစ်ပြီး ၂၀၀၈-၀၉ မှ ၂၀၁၄-၁၅ အထိ ၇ ရာသီအတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နှင့် လာလီဂါဖလား ၅ ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။


အသင်းမှာ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီကနေ ဇာဗီ နှင့် အင်နီယေစတာတို့ကဲ့သို့သော ကွင်းလယ်ကစားသမားများအထိ သို့မဟုတ် အသင်းရဲ့ခံစစ်မှာတောင် စတားကစားသမားဖြစ်တွေတဲ့ ပူယိုးလ် နှင့် ပီကေးတို့ပါ ရှိနေတာဖြစ်ပါတယ်။


သို့သော်လည်း သူတို့အားလုံးအနက် တစ်ဦးတစ်ယောက်ကမှ သူ့ရဲ့ စံပြပုဂ္ဂိုလ် မဟုတ်ကြောင်း အင်္ဂလန်ရဲ့ ထာဝရဂိုးသွင်းရှင်က စပိန်မီဒီယာ Marca သို့ပြောဆိုခဲ့ပြီး ဘာစီလိုနာတွင် သူအနှစ်သက်ဆုံး ကစားသမားကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။


ကိန်းသဘောကျခဲ့တဲ့ ဘာစီလိုနာအသင်းမှ ကစားသမားဟာ ခံစစ်ကွင်းလယ်လူ ဘက်စ်ကွက်စ် ကလွဲလို့ တခြားသူမဟုတ်ပါဘူး။ "ကျွန်တော် ငယ်ငယ်တုန်းကနဲ့ ဒီနေ့အထိ ဘက်စ်ကွက်စ်ရဲ့ ကစားပုံကို နှစ်သက်မိပါတယ်"


"သူ့ရဲ့ကစားဟန်ကြောင့် ဘက်စ်ကွက်စ်က မယုံနိုင်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊ သူ့ခန္ဓာကိုယ် လှုပ်ရှားပုံနှင့် တစ်ခါတရံ အဲ့ဒီလိုအနေအထားတွေမှာ ဘယ်လိုကစားရမလဲဆိုတာအတွက် ဒါမှမဟုတ် အလားတူ ကစားသမားတွေအတွက် သူ့ရဲ့ပုံစံကို နမူနာအဖြစ် ကျွန်တော် အသုံးအပြုပါတယ်" လို့ ကိန်းက ပြောပါတယ်။


ဘက်စ်ကွက်စ်ကို ဘာကြောင့် သဘောကျမိသလဲဆိုတာကို ဘိုင်ယန်မြူးနစ်ရဲ့ ယူနိုက်တက်အား ၄-၃ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂိုးသွင်ယူခဲ့တဲ့ ကိန်းက ပြောထားပါတယ်။


"ကျွန်တော့်အတွက်ကတော့ သူဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်ပါ" လို့ ကိန်းက ပြောပါတယ်။


ဘက်စ်ကွက်စ်ဟာ အသင်းဖော်ဟောင်း မက်ဆီနှင့် အယ်လ်ဘာတို့နောက် နွေရာသီမှာ MLS က အင်တာမိုင်ယာမီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။


သူတို့ ၃ ဦးဟာ မိုင်ယာမီတွင် လိဂ်ဖလားအောင်မြင်မှုရရှိအောင် ကူညီပေးခဲ့ပြီး ဩဂုတ်လက ဗိုလ်လုပွဲတွင် နာရှ်ဗီးလ်ကို အနိုင်ယူကာ အသင်းအတွက် သူတို့ရဲ့အမှတ်အသားတွေကို ချန်ခဲ့ကြပြီဖြစ်ပါတယ်။


ဘက်စ်ကွက်စ်ရဲ့ ကျွမ်းကျင်မှုနဲ့ ဉာဏ်ကောင်းမှုဟာ ကွင်းအတွင်းမှာ စတားကစားသမားများစွာနဲ့ တွဲကစားခဲ့ရတာကြောင့် ပေါ်လွင်မှုမရှိခဲ့ကြောင်း ကိန်းက ပြောကြားလိုက်ပါတယ်။


"သူ အခု မိုင်ယာမီမှာရှိနေတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို အမြဲတမ်းချီးကျူးခဲ့ပြီး မက်ဆီ၊ နေမာ၊ ဇာဗီ ဒါမှမဟုတ် အင်နီယေစတာ တို့လို တခြားအသင်းဖော်တွေရဲ့ လောင်းရိပ်အောက်မှာ ရှိနေခဲ့တာကိုသိရှိကာ အကောင်းဆုံးကစားနိုင်ခဲ့တဲ့သူ့ကို ကျွန်တော် အသိအမှတ်ပြုပါတယ်" လို့ ကိန်းက ပြောပါတယ်။


ဘက်စ်ကွက်စ်ဟာ မယုံနိုင်လောက်စရာ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး ဘာစီလိုနာတွင် လာလီဂါ ၉ ကြိမ် နှင့် ချန်ပီယံလိဂ် ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ ကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်တွင် အဲ့ဒီအတိုင်းအတုယူရန် မျှော်လင့်ရမယ် အရာဖြစ်ပါတယ်။


"လူတိုင်းက ကျွန်တော်တို့ကို လိဂ်ဖလားရဖို့ မျှော်လင့်ထားပေမယ့် လုပ်ဖို့မလွယ်ပါဘူး။ ဘွန်ဒက်စ်လီဂါက ပြိုင်ပွဲတစ်ခုအနေနဲ့ တိုးတက်လာပြီး နှစ်စဉ်နှစ်တိုင်း ပိုကောင်းတဲ့အသင်းတွေရှိလာပါတယ်။ အနိုင်ရဖို့ ခက်ခဲတဲ့ပြိုင်ပွဲတစ်ခုလို့ ကျွန်တော်မြင်ပါတယ်" လို့ ကိန်းက ပြောကြားခဲ့ပါတယ်။


သူ့ရဲ့ နေရာသစ်အတွက် စိတ်လှုပ်ရှားမှုကိုလည်း ကိန်းက "ကျွန်တော့်အတွက်ကတော့ နိုင်ပွဲရဖို့က စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အဲဒီခံစားချက်ကို ဆုပ်ကိုင်ထားချင်ပါတယ်" လို့ အလေးပေးပြောကြားခဲ့ပါတယ်။

#ဟယ်ရီကိန်း #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #ဘက်စ်ကွက်