ရှေ့သို့
Image

ရီနာတိုဆန်းချက်ဇ်ရဲ့ ဒဏ်ရာအခြေအနေအပေါ် နားလည်ရခက်နေပြီလို့ ဆိုလိုက်တဲ့ နည်းပြ မော်ရင်ဟို

10:30 AM, 22 September

ရိုးမားအသင်းနဲ့ ရှီရစ်ဖ်တီရာစပေါလ်အသင်းတို့ မော်ဒိုဗာနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွင်း စီးရီးအေထိပ်သီးကလပ် ရိုးမားအသင်းက ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူထားတဲ့ အဓိက ကွင်းလယ် ကစားသမား ရီနာတိုဆန်းချက်ဇ် ဒဏ်ရာရသွားခဲ့တဲ့အပေါ် နားလည်ရခက်နေကြောင်း နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ရိုးမားအသင်းက ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းကနေ ကွင်းလယ်ပိုင်းအတွက် တစ်ရာသီအငှားဖြင့် ခေါ်ယူထားခဲ့တဲ့ ဆန်းချက်ဇ်အနေဖြင့် ရိုးမားအသင်းက အမ်ပိုလီအသင်းကို ၇ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ် အတွင်းမှာ ဒဏ်ရာကနေ သက်သာကာ စတင်ပါဝင်ကစားခဲ့သူဖြစ်ပေမဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ မော်ဒိုဗာ အခြေစိုက်ကလပ်အသင်းနဲ့ ပွဲစဉ်တွင် ဒဏ်ရာထပ်မံရခဲ့တာကြောင့် ပထမပိုင်းမှာ လူစား လဲလိုက်ရတာတဲ့အပေါ် နည်းပြ မော်ရင်ဟိုအနေဖြင့် ငြီးတွားပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆန်းချက်ဇ်အနေဖြင့် ရိုးမားအသင်းအတွက် ပွဲကစားချိန် စုစုပေါင်း ၉၈ မိနစ်ခန့်သာ ကစားပေးခဲ့ရတာဖြစ်ပြီး နည်းပြ မော်ရင်ဟိုရဲ့ ပြောဆိုချက်အရ ပေါ်တူဂီစတားအနေဖြင့် ရိုးမားအသင်းတွင် ရုန်းကန်ရနိုင်ခြေများနေတာ ဖြစ်ပါတယ်။ ရိုမားအသင်းက လာမယ့်အပတ်စီးရီးအေ ပွဲစဉ်တွင် တိုရီနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး ဆန်းချက်စ်အနေဖြင့် ပါဝင်ကစားခွင့်ရနိုင်ခြေနည်းပြီး အရန်ခုံတွင်သာ ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

ဆန်းချက်ဇ်ရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်လို့ နည်းပြ မော်ရင်ဟိုက “ရီနာတိုဆန်းချက်ဇ်က အမြဲတမ်းစိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ ဒါက ကျွန်တော်တို့အတွက် နားလဉ်ရခက်ခဲစေပါတယ်။ သူ့အနေနဲ့ ဘိုင်ယန်အတွက် နားလည်ရ ခက်ခဲစေခဲ့တယ်။ ပီအက်စ်ဂျီအတွက်လည်း နားလည်ရခက်စေခဲ့သလို အခု ကျွန်တော်တို့အတွက် ကြုံနေရပါပြီ။ ပြီးခဲ့တဲ့အပတ်မှာ ၄၅မိနစ် ကစားတယ်။ ဒီနေ့ပွဲမှာ ၂၇ မိနစ် ကစားပြီး ဒဏ်ရာရတယ်။ သူ ဘာကြောင့် ဒီလောက်ဒဏ်ရာရနေသလဲဆိုတာက နားလည်ရခက်ပါတယ်” လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို #ဆန်းချက်ဇ်