ရှေ့သို့
Image

ပါရီဆစ်တစ်ယောက် အရွတ်ကြောပြတ်ဒဏ်ရာ ရရှိနေတယ်လို့ တော့တင်ဟမ်အတည်ပြု

8:43 AM, 21 September

တော့တင်ဟမ်အသင်းကတော့ တောင်ပံကစားသမား အိုင်ဗန်ပါရီဆစ်တစ်ယောက် ညာဘက်ဒူးအရွတ်ကြောပြတ်ဒဏ်ရာ ရရှိနေတယ်လို့ အတည်ပြုလိုက်ပါတယ်။

စနေနေ့ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်လာပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့ကာ အခုချိန်မှာတော့ ခွဲစိတ်မှုခံယူရမှာဖြစ်ပြီး လက်ကျန်ရာသီကို လွဲချော်ဖို့ များနေပါတယ်။ အသင်းကတော့ တွဟစ်တာမှာ ခရိုအေးရှားသားဒဏ်ရာ ရရှိနေတာကို အတည်ပြုခဲ့ပြီး အာဆင်နယ်နဲ့ပွဲအတွက် လေ့ကျင့်ခန်းဆင်းနေချိန်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကွန်တီရဲ့အသင်းမှာ အဓိက ကစားသမားဖြစ်ခဲ့သလို တော့တင်ဟမ်အသင်း အတွက် ပုံမှန်ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ပိုစတီကိုဂလူရောက်လာပြီးကတည်းက ၄-၃-၃ ကစားကွက်မှာ တောင်ပံကစားသမားအဖြစ်သာ အသုံးပြုခံနေရပါတယ်။

စနေနေ့တုန်းက ပွဲမှာတော့ ပွဲကစားချိန် ၈၀ မိနစ်မှာ လူစားဝင်ကစားပြီး ကူလူဆက်စကီး အနိုင်ဂိုးမသွင်းခင် ရစ်ချာလီဆင်ရဲ့ဂိုးကို ထောင့်ကန်ဘောကနေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ပါရီဆစ်ဟာ တော့တင်ဟမ်အတွက် ၆ ပွဲ ပါဝင်ကစားထားကာ ဖူလ်ဟမ်ကိုပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ပါဝင်ခဲ့ပေမယ့် အခုချိန်မှာ ရာသီကုန်အထိ အနားယူရဖွယ်ရှိနေပါတယ်။

အသက် ၃၄ နှစ်သားရဲ့စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး စနေနေ့က သူ့အတွက် နောက်ဆုံးပွဲဖြစ်လာခဲ့ပါတယ်။ ပါရီဆစ်ဟာ တော့တင်ဟမ်ကစားသမားဘ၀ ပွဲပေါင်း ၅၀ ပါဝင်ကစားပေးခဲ့ပြီး ၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်တာမီလန်မှာ ၇ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့သလို ဝုလ်ဘတ်၊ ဒေါ့မွန်နဲ့ ဘရုဂျက်အသင်းတွေမှာလည်း ကစားခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားအသင်းအတွက်တော့ ၁၂၉ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခရိုအေးရှားအသင်း ဒုတိယနေရာ ရရှိခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပါတယ်။ ပါရီဆစ်ဟာ မိုဒရစ် (၁၆၈) ၊ ဆာနာ (၁၃၄) ပွဲတို့ပြီးနောက် နိုင်ငံအသင်းအတွက် တတိယမြောက်ပွဲအများဆုံးကစားခဲ့တဲ့ ကစားသမားအဖြစ် ရပ်တည်နေပါတယ်။

အရွတ်ကြော ဒဏ်ရာကြောင့် ပါရီဆစ်အနေနဲ့ ၉ လလောက်နားရဖွယ်ရှိနေပြီး ပြန်လည်ကြံ့ခိုင်ခဲ့ရင်တောင် အနားယူရဦးမှာဖြစ်ပါတယ်။

#တော့တင်ဟမ် #ပါရီဆစ် #ပရီးမီးယားလိဂ်