ရှေ့သို့
Image

စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသော်လည်း အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်တဲ့ ဘန်ဝှိုက်

11:11 AM, 17 September

အာဆင်နယ်အသင်းဟာ လက်ရှိစာချုပ်မှာ သုံးနှစ်ကျန်ရှိနေပေမယ့်လည်း နောက်ခံလူ ဘန်ဝှိုက်ကို ကာလရှည်စာချုပ်သစ်နဲ့ ချုပ်ဆိုလိုနေကြောင်းသိရပါတယ်။ အင်္ဂလန်သားဟာ ၂၀၂၁ ခုနှစ်မှာ ဘရိုက်တန်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ နဲ့ ရောက်ရှိလာခဲ့ပါတယ်။


ဘန်ဝှိုက် ဟာ ဗဟိုနောက်ခံလူနှင့် ညာနောက်ခံလူနေရာကို ကောင်းမွန်စွာကစားနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အာတီတာ ကြိုက်နှစ်သက်သည့် ပုံစံရှိသော ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကြယ်ပွင့်ကစားသမားဖြစ်သော ဆာကာ ကို စာချုပ်သစ် ချုပ်ဆိုပြီးနောက် အာဆင်နယ်၏ ဦးစားပေးသည် အိုဒီဂတ်ကို စာချုပ်သစ်ချုပ်ဆိုရန် ဖြစ်ကြောင်းသိရပါတယ်။


အဆိုပါနော်ဝေကစားသမားအတွက် စာချုပ်သစ်ကိစ္စကိုလည်း ဆက်လက်လုပ်ဆောင်ရန်အဆင့်မြင့်ဆွေးနွေးမှုများပြုလုပ်နေပြီး စာချုပ်ပါအချက်များအရ ၎င်း၏လက်ရှိတစ်ပတ်လျှင်ပေါင် ၁၂၀,၀၀၀ ထက် ပိုများသော ပမာဏဖြစ်နိုင်ကြောင်းသိရပါတယ်။


သို့သော် Daily Mail က အာဆင်နယ်ရဲ့နောက်ထပ် စာချုပ်သစ်ကတော့ ဘန်ဝှိုက်ဖြစ်ပြီး ၎င်းအတွက် ဆွေးနွေးပွဲများကို လာမည့်ရက်သတ္တပတ်များအတွင်း ပြုလုပ်နိုင်ဖွယ်ရှိကြောင်းဖော်ပြခဲ့ပါတယ်။ ဘန်ဝှိုက်ရဲ့ စာချုပ်ဟာ ၂၀၂၆ မှ ကုန်ဆုံးမှာဖြစ်ပေမယ့် အာဆင်နယ်ဟာ စောစောစီးစီး ဆွေးနွေးမှုတွေ စတင်ပြီး အတိတ်ကအမှားတွေကို ရှောင်ရှားဖို့ စိတ်အားထက်သန်နေပါတယ်။


ဘန်ဝှိုက်သည် အမ်းမရိတ်တွင် ဆက်နေရန် ပျော်ရွှင်နေသော ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းအတွက် အာဆင်နယ်အသင်းအနေဖြင့် ညှိနှိုင်းမှု တိုတောင်းနိုင်ကြောင်းသိရပါတယ်။

#အာတီတာ #အာဆင်နယ် #ဘန်ဝှိုက် #ပရီးမီးယားလိဂ်