ရှေ့သို့
Image

စိတ်ပိုင်းဆိုင်ရာ ကုသမှုခံယူမယ်လို့ ပြောကြားလိုက်တဲ့ ရစ်ချာလီဆန်

10:24 AM, 14 September

စနေနေ့က ဘိုလီဗီးယားအား ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာ လူစားလဲခံရပြီးနောက် ရစ်ချာလီဆန်ဟာ မျက်ရည်ကျနေပုံရပါတယ်။

"ကွင်းပြင်၌ ဖြစ်ပျက်နေတာတွေကို ကျွန်တော်က ထုတ်ပစ်ထားပါတယ်" လို့ သူက တုံ့ပြန်ပြောကြားထားပါတယ်။ ရစ်ချာလီဆန်ဟာ ပြီးခဲ့သည့်နွေရာသီက အဲဗာတန်မှ ပေါင်သန်း ၆၀ ဖြင့် ပြောင်းရွှေ့လာပြီးနောက် တော့တင်ဟမ်အတွက် ပွဲ ၄၀ တွင် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

"လွန်ခဲ့တဲ့ ၅ လလောက်က ကွင်းထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရတဲ့ အချိန်တွေကို ကျွန်တော်ဖြတ်သန်းခဲ့ရပါတယ်" "အခုတော့ အိမ်မှာ အနည်းငယ် တည်ငြိမ်လာပြီ။ ပိုက်ဆံကိုပဲ မျက်စိကျနေတဲ့လူတွေနဲ့ နောက်ထပ် ရင်းရင်းနှီးနှီးမနေတော့ပါဘူး" "အခုတော့ ကောင်းမွန်လာပြီဖြစ်တာကြောင့် တော့တင်ဟမ်မှာ ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" "စိတ်ပိုင်းဆိုင်ရာ အားကောင်းစေဖို့အတွက် စိတ်ပညာရှင်တစ်ဦးရဲ့ အကူအညီကို ရယူဖို့ ကျွန်တော် အင်္ဂလန်သို့ ပြန်လာနေပါပြီ။ ဒီလောက်ပါပဲ ကျွန်တော့်အတွက် ပိုသန်မာလာဖို့ပဲ ဖြစ်ပါတယ်" လို့ ဘရာဇီးသတင်းစာဖြစ်တဲ့ O Globo သို့ သူက ပြောပါတယ်။

ရစ်ချာလီဆန်ဟာ ဘိုလီဗီးယားနှင့်ကစားခဲ့တဲ့ ခြေစစ်ပွဲရဲ့ ပွဲကစားချိန် ၇၁ မိနစ်မှာ လူစားထိုးခံခဲ့ရပြီး အင်္ဂါနေ့က လီမာတွင် ပီရူးကို ၁၀- ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲမှာလည်း ပွဲကစားချိန် ၆၄ မိနစ်တွင် လူစားလဲခံခဲ့ရပါတယ်။ သူ့ဟာ ကာလရှည်လက်တွဲခဲ့တဲ့ အေးဂျင့် ဗယ်လက်စ်ကိုနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း O Globo က ဖော်ပြခဲ့ပါတယ်။

"အဲ့ဒီဝမ်းနည်းမှုကြောင့် ဆိုးဆိုးရွားရွား ကစားခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော့် အမြင်အရတော့ ဘယ်လမ်မှာ ဆိုးရွားတဲ့ပွဲ တစ်ပွဲမှ မကစားခဲ့ရပါဘူး။ အဲဒါက ကျွန်တော့်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို ထိန်းမနိုင်သိမ်းမရဖြစ်နေလို့ပါပဲ" လို့ ရစ်ချာလီဆန်က ပြောပါတယ်။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အောက်တိုဘာ ၁၃ ရက်မှာ ဗင်နီဇွဲလားအသင်း၊ အောက်တိုဘာ ၁၈ ရက်မှာ ဥရုဂွေးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်က စနေနေ့ အိမ်ကွင်းမှာ ရှက်ဖီးယူနိုက်တက်နှင့်ကစားရမှာဖြစ်ပါတယ်။

"နောက်တစ်ပွဲမှာ ဘရာဇီးအသင်းရဲ့ပွဲထွက်စာရင်းမှာ ပါဝင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက ကျွန်တော် ဦးတည်လုပ်ဆောင်နေတဲ့ အရာပါ" "ဒါဟာ တော့တင်ဟမ်မှာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတစ်ခု လုပ်ဖို့ပါပဲ။ ကျွန်တော် သူတို့နဲ့ စကားပြောရတော့မယ်။ ကျွန်တော် ကောင်းကောင်း လုပ်ဖို့လိုပါတယ်။ ကောင်းမွန်တဲ့ ကစားပုံဖြစ်အောင် လုပ်ပြီး အသားကျရမှာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

#ဘိုလီဗီးယား #ရစ်ချာလီဆန်