ရှေ့သို့
Image

အမ်မရာဘတ်ရဲ့ ဒဏ်ရာအခြေအနေကို ပြောပြလိုက်တဲ့ မော်ရိုကိုလက်ရွေးစင်နည်းပြ

1:15 PM, 10 September

အမ်မရာဘတ်ဟာ ယခုနွေရာသီတွင် ဖီအိုရင်တီးနားအသင်းမှ ယူနိုက်တက်သို့ အငှားဖြင့်ရောက်ရှိလာပြီး ဆေးစစ်မှုတွင် နောက်ကျောဒဏ်ရာကို မြင်တွေ့ခဲ့ရသော်လည်း မော်ရိုကိုအသင်းနှင့် ပူးပေါင်းမှုကို အဆိုပါ ဒဏ်ရာက မတားဆီးနိုင်ခဲ့ပါဘူး။


လေ့ကျင့်ရေးတွင် တွေ့ခဲ့ရသော်လည်း အမ်မရာဘတ်ဟာ ယခုရက်သတ္တပတ်အစောပိုင်းမှာ လက်ရွေးစင်အသင်းမှ နှုတ်ထွက်ခဲ့ပြီး ဒဏ်ရာအခြေအနေကို ဆက်လက်စစ်ဆေးရန်အတွက် ကာရင်တန်သို့ ပြန်လာမှာဖြစ်ကြောင်း ယူနိုက်တက်က အတည်ပြုခဲ့ပါတယ်။


အမ်မရာဘတ်ရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လက်ရွေးစင်အသင်းနည်းပြ ရက်ဂရာဂူကတော့ သူ့ရဲ့နုတ်ထွက်မှုဟာ ကြိုတင်ကာကွယ်မှုသာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။


"သူက တစ်ခုခုကို ခံစားလိုက်ရပါတယ်။ ယူနိုက်တက်နဲ့ သူ့ရဲ့စွန့်စားခန်းအသစ်ကို စတင်လိုက်ပြီဖြစ်လို့ ကြိုတင်ကာကွယ်မှုအနေနဲ့ သူ့ကို ကျွန်တော်တို့က ပြန်လွှတ်လိုက်တာပါ" လို့ နည်းပြကပြောပါတယ်။


အမ်မရာဘတ်ကို ယူနိုက်တက်ရဲ့ကစားသမားစာရင်းမှာ စာရင်းသွင်းထားပြီဖြစ်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ အိုးထရက်ဖို့ဒ်တွင် ဘရိုက်တန်နှင့် ကစားမယ့်ပွဲမှာ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရရှိရန် ရှိနေသော်လည်း ကြံ့ခိုင်မှုပြည့်ဝမှု ရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်ပါတယ်။


နှစ်ဦးစလုံးရဲ့ နည်းပြနှင့် ကစားသမား ဘဝ အစောပိုင်းတွင် တန်ဟက်ဟက်ရဲ့လက်အောက် ယူထရက်ချ် တွင် ပွဲပေါင်း ၅၀ ကစားပေးခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ယူနိုက်တက်ရှိ ဆရာဟောင်းရဲ့ လက်အောက်တွင် ပြန်ကစားပေးဖို့ အမ်မရာဘတ်က စိတ်အားထက်သန်နေပါတယ်။


"ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အချိန်၊ တကယ်ကောင်းတဲ့ ရာသီတစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော် သူ့ဆီကနေ အများကြီး သင်ယူခဲ့ပါတယ်။ သူက ကျွန်တော့်ကစားသမားဘဝမှာ အရေးအကြီးဆုံးလူတွေထဲက တစ်ယောက်ဖြစ်နိုင်ပါတယ်"


"အဲရစ်တန်ဟက်က ကန့်သတ်ချက်တစ်ခုအထိ အမြဲတွန်းအားပေးမယ့် နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူက အမြဲတမ်း အောင်မြင်မှုရရှိဖို့ ဆာလောင်နေပါတယ်။ သူ အနိုင်ရချင်တယ်။ သူက အနိုင်ရတဲ့သူဆိုတော့ ကျွန်တော်လည်း အဲဒါကို သဘောကျပါတယ်။ ကျွန်တော်လည်း အလားတူပဲလို့ ထင်ပါတယ်။ နေ့တိုင်းအနိုင်ရချင်ပါတယ် ဒါကြောင့် ပွဲကောင်းတစ်ပွဲဖြစ်မှာပါ" လို့ အမ်မရာဘတ်က ကလပ်မီဒီယာသို့ ပြောကြားခဲ့ပါတယ်။

#မော်ရိုကို အမ်မရာဘတ် ယူရို၂၀၂၄ခြေစစ်ပွဲ