ရှေ့သို့
Image

ငလျင်လှုပ်ပြီးနောက် အချင်းချင်း ကူညီကြဖို့ မော်ရိုကိုနိုင်ငံသားတွေကို တိုက်တွန်းလိုက်တဲ့ ဟာကီမီ

12:09 PM, 10 September

အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် စနေနေ့ညမှာကစားမယ့် မော်ရိုကိုအသင်းရဲ့ပွဲစဉ်ဟာ မြေငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ကစားဖို့အတွက် မသေချာတော့ပါဘူး။


မော်ရိုကိုဟာ လိုက်ဘေးရီးယားနှင့် အက်ဂါဒီရှိ အက်ရာ အားကစားကွင်း၌ ကစားရန် စီစဉ်ထားပါတယ်။


သောကြာနေ့ ညနှောင်းပိုင်းမှာ ငလျင်လှုပ်ခဲ့ပါတယ်။ ထိုငလျင်ကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ပြီး အက်လက်စ်တောင်တန်းများရှိ ကျေးရွာများကနေ သမိုင်းဝင် မာရက်ခက်ချ်မြို့အထိ အဆောက်အအုံများ ပျက်စီးခဲ့ရပါတယ်။ ကယ်ဆယ်ရေးသမားများဟာ ဝေးလံခေါင်သီတဲ့ တောင်ပေါ်ကျေးရွာများဆီသို့ ကျောက်တုံးများခင်းထားတဲ့ လမ်းများကို ဖြတ်ကျော်ရန်အတွက် ကြိုးစားရုန်းကန် သွားလာနေကြရပါတယ်။


ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဟာကီမီက သူ့ရဲ့ဝမ်းနည်းကြေကွဲရကြောင်းကို ပြောကြားထားပါတယ်။


"ကျွန်တော်တို့ဟာ နိုင်ငံသားများအတွက် ခက်ခဲတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းနေကြရတာပါ။ အသက်ပေါင်းများစွာကို တတ်နိုင်သမျှ ကယ်တင်ဖို့ အချင်းချင်း ကူညီရမယ့်အချိန်ဖြစ်ပါတယ်။ ချစ်ရသူတွေ ဆုံးရှုံးခဲ့ရသူအားလုံးအတွက် ဝမ်းနည်းမိပါတယ်" လို့ ဟာကီမီက အင်စတာဂရမ်တွင် ရေးသားခဲ့ပါတယ်။


ပွဲရဲ့အခြေအနေနှင့်ပတ်သက်ပြီး အီးမေးလ်ကို အာဖရိကဘောလုံးအဖွဲ့ချုပ်အနေနဲ့ ချက်ချင်းတုံ့ပြန်နိုင်ခြင်းမရှိခဲ့ပါဘူး။


အက်ဂါဒီဟာ သောကြာနေ့ကလှုပ်ခဲ့တဲ့ ငလျင်ဗဟိုချက်မှ အနောက်တောင်ဘက် ကီလိုမီတာ ၁၇၀ (၁၀၅ မိုင်) အကွာတွင် တည်ရှိပြီး အယ်လဟာယူဇ် ပြည်နယ်က အစ်ဂ်ဟေးလ်မြို့အနီးမှာ ရှိတာဖြစ်ပါတယ်။


ပြင်းအား ၆.၈ ရှိတဲ့ ငလျင်လှုပ်မှုဟာ မော်ရိုကိုတွင် နှစ်ပေါင်း ၁၂၀ အတွင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ပါတယ်။


သောကြာနေ့နံနက်တွင် အသင်းဟာ အက်ဂါဒီသို့ရောက်ရှိပြီး နည်းပြ ရက်ဂရာဂူ နှင့် အသင်းခေါင်းဆောင် ဆိုင်အစ်တို့က ပွဲအကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် နေ့လည်ပိုင်းတွင် အက်ရာ အားကစားကွင်း၌ လေ့ကျင့်ခဲ့ကြပါတယ်။


မော်ရိုကိုဟာ ကာတာနိုင်ငံတွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သမိုင်းဝင်ပြိုင်ပွဲအဖြစ်ရေးထိုးနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ ရောက်ရှိခဲ့တဲ့ ပထမဆုံး အာဖရိကအသင်းဖြစ်ခဲ့ကာ အဆိုပါအဆင့်တွင် ပြင်သစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။


မော်ရိုကိုဟာ အိုင်ဗရီကို့စ်တွင် ဇန်နဝါရီလမှာ စတင်မယ့် ၂၄ သင်း ပြိုင်ပွဲအတွက် ဝင်ရောက်ကစားခွင့် ရရှိထားပြီးဖြစ်ပါတယ်။


အသင်းဟာ အင်္ဂါနေ့တွင် ပြင်သစ်၌ ဘာကီနာဖာဆိုအသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားပါတယ်။

#ဟာကီမီ #မော်ရိုကို