ရှေ့သို့
Image

မော်ရိုကိုနိုင်ငံက ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ဟိုတယ်အသုံးပြုခွင့်ပေးခဲ့တဲ့ ရော်နယ်ဒို

9:49 AM, 10 September

ဂုတ်ကြီး ရော်နယ်ဒိုဟာ သူပိုင်ဆိုင်တဲ့ Pestana CR7ဟိုတယ်ကို ငလျင်ဒဏ်ခံခဲ့ရတဲ့ မော်ရိုကိုနိုင်ငံက ဒုက္ခသည်တွေ နေထိုင်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ မော်ရိုကို နိုင်ငံမှာ သောကြာနေ့ က ပြင်းအား ၆-၈ အကြားရှိ ငလျင်ကြီး တစ်ခု လှုပ်ခတ် ခဲ့ပြီး လူထောင်ကျော် သေဆုံးခဲ့ကာ သောင်းနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ် ။

မော်ရိုကိုဟာ လွန်ခဲ့တဲ့ ၁၀လက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရော်နယ်ဒိုရဲ့ အသည်းနှလုံးကို ကွဲကြေစေခဲ့ဖူးပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ ရော်နယ်ဒိုဟာ မော်ရိုကိုပြည်သူတွေရဲ့ အချစ်တွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ ဖြစ်ပါတယ်။

#ရော်နယ်ဒို #မော်ရိုကို