ရှေ့သို့
Image

ဒဏ်ရာကြောင့် မော်ရိုကို လက်ရွေးစင်လူစာရင်းကနေ နှုတ်ထွက်လိုက်တဲ့ အမ်မရာဘတ်

2:56 PM, 8 September

နည်းပြ တန်ဟတ်ရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံကောင်းပြသနိုင်ရန် အကောင်းဆုံး တည်ဆောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအတွက် အားဖြည့်ခေါ်ယူထားခဲ့တဲ့ အမ်မရာဘတ် အနေဖြင့် ဖီအိုရင်တီးနားအသင်းနဲ့အတူ ရထားခဲ့တဲ့ ဒဏ်ရာကြောင့် မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်လိုက်တာပဲ ဖြစ်ပါတယ်။

မော်ရိုကိုလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘောလုံးပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရယူနိုင်ခဲ့အပြီးမှာ အမ်မရာဘတ်ရဲ့ ခြေစွမ်းပိုင်းအပေါ် ဥရောပကလပ်အသင်းကြီးအချို့က မျက်စိတွေ့ခဲ့ကြပြီး ခေါ်ယူရန် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြရာ အမ်မရာဘတ်အနေဖြင့် ငယ်ဘဝ အိမ်မက်ကလပ် ယူနိုက်တက်အသင်းကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက အမ်ရာဘတ်ကို ခေါ်ယူရန် အပြောင်းအရွှေ့ကာလတစ်လျှောက် စိတ်ဝင်စားမှု ပြသထားခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း မန်ချက်စတာမြေတွင် အခြေချခွင့်ရရေးအတွက် ဆော်ဒီကလပ်အသင်းရဲ့ မြင့်မားတဲ့ လုပ်ခနှုန်းထားဖြင့် ကမ်းလှမ်းမှုအပြင် ဥရောပ ကလပ်အသင်းအချို့ရဲ့ ကြိုးပမ်းမှုတွေကိုပါ ဆက်တိုက်ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းက ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲနဲ့ ကြုံတွေ့နေရချိန်ဖြစ်တာကြောင့် အမ်မရာဘတ်အတွက် ကနဦးအငှားပုံစံဖြင့် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲရစ်ဆင်ရဲ့ ကြံ့ခိုင်မှုအားနည်းချက်အပြင် ရာသီကြိုအပြောင်းအရွှေ့အတွင်းမှာ ပူပူနွေးနွေး ခေါ်ယူထားတဲ့ မေဆင်မောင့်ရဲ့ ဒဏ်ရာအခြေအနေကြောင့်ပါ ကွင်းလယ်ပိုင်းလိုအပ်ချက် ပေါ်လွင်လာတာကြောင့် ယူနိုက်တက်အသင်းက အပြောင်းအရွှေ့ကာလတစ်လျှောက် ပစ်မှတ်ထားခဲ့တဲ့ မော်ရိုကိုစတားကို ကနဦး ငှားရမ်းခ ယူရို ၁၀သန်း အပြင် ယူရို ၂၅သန်းဖြင့် အပြီးဝယ်ယူခွင့်ပါဝင်တဲ့ စာချုပ်တစ်ရပ်နဲ့အတူ ချုပ်ဆိုခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေဖြင့် ပူပူနွေးနွေးခေါ်ယူထားတဲ့ အမ်မရာဘတ်ရဲ့ ကြံ့ခိုင်မှုအခြေအားနည်းမှု အပါအဝင် အဓိက ကစားသမားတွေဖြစ်တဲ့ လုခ်ရှော၊ ဗာရာနီ၊ မေဆင်မောင့်တို့ကပါ ဒဏ်ရာကြောင့် ရှေ့လာမယ့် ပွဲစဉ်အချို့မှာ လွဲချော်မှာဖြစ်တာကြောင့် ကစားသမား ရွေးချယ်မှုအပိုင်းမှာ ပိုမိုအခက်တွေ့လာရနိုင်တာပဲ ဖြစ်ပါတယ်။

h ထုတ်ပယ်ခံခဲ့ရသလို အခုအဖြစ်အပျက်အပြီး ကွင်းလယ်ဒိုင်အပေါ် သူ့ရဲ့အပြုအမူပိုင်းနဲ့ ပတ်သက်လို့ အက်ဖ်အေက စွဲချက်တင်စစ်ဆေးနေတာလည်း ရှိပါတယ်။

ဗဟိုနောက်ခံလူက “ဒါက ကျွန်တော့်အတွက် ထုံးစံမဟုတ်ပါဘူး။ လီဗာပူး ကစားသမားဘဝတလျှောက် တစ်ကြိမ်တစ်ခါမှလည်း အနီကတ်ပြသမခံရဘူး။ ကစားသမားဘဝတလျှောက် လေးခါလောက်ပဲ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီကိစ္စကလွဲရင် ကျွန်တော်က ဘောလုံးရာသီကို အကောင်းဆုံး စတင်နိုင်နေဆဲပါပဲ” လို့ ပြောပါတယ်။

လီဗာပူးက ရာသီကုန်ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိချိန်မတိုင်ခင်အထိ စိန်ခေါ်မှုများပြားတဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ကြံံ့ကြံ့ခံဖြတ်သန်းခဲ့ရပါတယ်။ ဗန်ဒိုက်ကတော့ အသင်းအတွက် သူ့ရဲ့ကူညီပေးခဲ့မှုတွေအပေါ် အားရကျေနပ်နေပါတယ်။

“မကြာသေးမီလတွေအတွင်း ကျွန်တော်က ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိနေသူတွေနဲ့ စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ဇနီးသည်က အလွန်အရေးပါပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ကလပ်အသင်းမှာရှိတဲ့ သူတွေနဲ့လည်း စကားတွေ အများကြီးပြောဖြစ်ခဲ့ပါတယ်။ ဘောလုံးသမားတစ်ဦးအဖြစ် ကိုယ့်ကိုကိုယ် ဝေဖန်စမ်းစစ်ခြင်းနဲ့ စတင်ရမှာဖြစ်ပြီး ဘယ်လိုအရာတွေမှာ ပိုကောင်းလာနိုင်မလဲဆိုတာ အမြဲတမ်းတွေးတောနေရပါမယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ရာသီကုန်ကာလမှာ ကျွန်တော်တို့တွေ တိုးတက်လာခဲ့တယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်”လို့ ဗန်ဒိုက်က ပြောပါတယ်။

#ဖီအိုရင်တီးနား #မော်ရိုကို အမ်မရာဘတ်