ရှေ့သို့
Image

ဆော်ဒီပရိုလိဂ်ရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ပုံကို ဖွင့်ဟလာတဲ့ အယ်လ်ဟီလယ်တိုက်စစ်မှူးသစ် နေမာ

1:29 PM, 8 September

အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဥရောပဘောလုံးလောကရှိ ကြယ်ပွင့်ကစားသမားများ ရောက်ရှိလာတဲ့ ဆော်ဒီပရိုလိဂ်ရဲ့ ပြိုင်ဆိုင်မှုပြင်းထန်ပုံကို ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းလာတဲ့ အယ်လ်ဟီလယ်တိုက်စစ်မှူးသစ် နေမာက ပြောပြလိုက်ပါတယ်။

လတ်တလောနှစ်တွေအတွင်း ပြင်သစ်ဘောလုံး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ထားရတဲ့ နေမာက အခုနွေရာသီ အပြောင်းအရွှေ့အတွင်း ပီအက်စ်ဂျီမှ ထွက်ခွာကာ ဆော်ဒီပရိုလိဂ်ကလပ်အယ်လ်ဟီလယ်ဆီ ရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဥရောပပြင်ပရှိ လိဂ်တစ်ခုရဲ့ ပြိုင်ဆိုင်မှုအကြောင်း မေးမြန်းလာမှုကို နေမာက “ဆော်ဒီမှာလည်း ဘောလုံးဆိုတာ ဒီလိုပဲဆိုတာ ကျွန်တော်အာမခံပါတယ်။ ဘောလုံးကလုံးဝိုင်းနေပြီး ဂိုးပေါက်တစ်ခုလည်း ရှိပါတယ်။ ဆော်ဒီပရိုလိဂ်ဆီ ရောက်ရှိလာတဲ့ ကစားသမားတွေကို ကြည့်လိုက်မယ်ဆိုရင်…ဒီလိဂ်က ပြင်သစ်လီဂူးဝမ်းထက် ပိုကောင်းသလား၊ မကောင်းဘူးလားဆိုတာ ကျွန်တော်လည်း မသိတော့ပါဘူး။ ကျွန်တော် အယ်လ်ဟီလယ်အတွက် ဆုဖလားမြောက်များစွာ ဆွတ်ခူးပေးချင်ပါတယ်။ ကျွန်တော့်ရဲ့စိတ်ကူးထဲမှာလည်း အများကြီး မပြောင်းလဲသွားပါဘူး။ ကျွန်တော် ပြင်သစ်မြေဆီ ပြောင်းရွှေ့သွားတုန်းကလည်း လူတွေက ပြိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ အခုလိုပဲပြောခဲ့ကြပါတယ်။ ပြင်သစ်မြေက ကျွန်တော့်ဘဝအတွက် အထိအနာဆုံး နေရာတစ်ခုပါ။ ကျွန်တော် အာမခံနိုင်တာကတော့ ဆော်ဒီပရိုလိဂ်မှာ အနိုင်ရဖို့ မလွယ်ကူပါဘူး။ အခြားအသင်းတွေကလည်း တောင့်တင်းကြသလို နာမည်ကျော် ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒီလိဂ်က အရမ်းစိတ်ဝင်စားစရာကောင်းမှာဖြစ်သလို ခင်ဗျားတို့တွေ သေချာပေါက်စောင့်ကြည့်ရပါလိမ့်မယ်”လို့  ပြောပါတယ်။

#နေမာ #ဆော်ဒီ