ရှေ့သို့
Image

မူဒရစ်ခ်နဲ့ ပတ်သက်ပြီး သတိပေးစကားဆိုလိုက်တဲ့ ချဲလ်ဆီး

11:05 AM, 8 September

ချဲလ်ဆီးအသင်းက အသင်းကစားသမားသစ် မူဒရစ်ခ်ဟာ GYM မှာ လေ့ကျင့်ခန်း အပိုလုပ်ဆောင်နေပြီး အဲ့တာက ပရီးမီးယားလိဂ်ကစားသမားဘဝကို အကူအညီဖြစ်စေလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

အသက် ၂၂ နှစ်သားဟာ ချဲလ်ဆီးအသင်းထံ ဇန်နဝါရီတုန်းက ပြောင်းလာခဲ့တာဖြစ်ပေမယ့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ လီဗာပူး အသင်းနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ခဲ့ပြီးနောက် မူဒရစ်ခ်ဟာ ပေါ်တာ ၊ လမ်းပတ်တို့ အောက်မှာ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁ ဂိုးသွင်း ၊ ၁ ဂိုးသာ ဖန်တီးနိုင်ခဲ့ပါတယ်။

ပိုချက်တီနိုလက်အောက်မှာတော့ နေရာရဖို့ပါ ရုန်းကန်လာခဲ့ရပြီး နွေရာသီမှာ ခေါ်ယူခဲ့တဲ့ကစားသမားအသစ်တွေကြောင့် ပြိုင်ဆိုင်မှုပါတိုးလာခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုက မူဒရစ်ခ်ကို ပွဲထွက်လူစာရင်းမှာထည့်သွင်းခြင်းမရှိသေးပေမယ့် ကစားသမားရဲ့အာရုံစိုက်မှုကြောင့် နေရာပေးလာဖွယ်ရှိနေပါတယ်။

အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ မူဒရစ်ခ်ဟာ လေ့ကျင့်ခန်းအစီအစဉ်ကော gym မှာပါ အချိန်ပိုလုပ်ဆောင်နေပြီး နေရာတစ်နေရာရဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

“သူအဆင်ပြေဖို့ လိုအပ်ပါတယ်။ သူ့ခန္ဓာကိုယ်က သန်မာလာတယ်လို့ ခံစားရဖို့ လိုအပ်ပါတယ်။ အစမှာတော့ ရုန်းကန်နေရပြီး သူပိုအဆင်ပြေလာအောင် ကျွန်တော်တို့ကူညီပေးဖို့ အာရုံစိုက်နေပါတယ်။ ကိုယ်ခန္ဓာပိုင်းအဆင်မပြေရင် ဘယ်သူမှ စွမ်းဆောင်ရည်ကောင်းရအောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ သူအဆင်ပြေအောင် လုပ်ဆောင်နေပြီး လာမယ့်အပတ်တွေမှာ သူ့ပုံစံအမှန်ကို ပြန်ရှာပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လု့ိ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #အာဆင်နယ် #ပရီးမီးယားလိဂ် #မူဒရစ်