ရှေ့သို့
Image

ဆော်ဒီက ကမ်းလှမ်းတာထက်ပိုများတဲ့အသင်းကို ပယ်ချခဲ့ကြောင်း ဘာလော့တယ်လီ ထုတ်ဖော်ပြောကြား

8:55 AM, 8 September

မန်စီးတီးတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီက သူ့အနေနဲ့ ဆော်ဒီလိဂ်က ကမ်းလှမ်းတာထက်ပိုများတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းမှုတစ်ခုကို ပယ်ချခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့အင်တာဗျူးတစ်ခုမှာ အသက် ၃၃ နှစ်သားက တရုတ်လိဂ်ကနေ ဆော်ဒီလိဂ်ထက်ပိုများတဲ့ လုပ်ခလစာနဲ့ကမ်းလှမ်းမှုမျိုး လက်ခံရရှိခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဆော်ဒီလိဂ်က ကမ်းလှမ်းတာထက်ပိုများတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းတာမျိုးကို လက်ခံရရှိခဲ့ပါတယ်။ ကျွန်တော် ဘောလုံးဆက်ကစားပြီး မာဆေးလ်မှာပဲဆက်ကစားချင်တာကြောင့် ငြင်းဆန်ခဲ့ပါတယ်”လို့ ဘာလော့တယ်လီက ပြောကြားခဲ့ပါတယ်။

၂၀၂၂ နွေရာသီကတည်းက ဘာလော့တယ်လီက ဆွစ်ဇာလန်ကလပ် ဆီယွန်အသင်း အတွက် ကိုယ်စားပြုကစားနေတာ ဖြစ်ပါတယ်။ Controcalcio နဲ့အင်တာဗျူးမှာ ဘာလော့တယ်လီက သူ့ရဲ့နိုင်ငံအသင်း ကစားသမားဘဝက ပြီးဆုံးခဲ့ပြီလို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ခေါ်ယူမှုလက်ခံရမလားဆိုတာ မသိသေးပါဘူး။ ကျွန်တော့်မှာ စိတ်ပျက်စရာတွေအများကြီးရှိနေပါတယ်”လို့ သူက ရှင်းပြခဲ့ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဆော်ဒီ #ဘာလော့တယ်လီ