ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်အသင်းအတွက် ကစားပေးရန် နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟလိုက်တဲ့ ကီပါ

11:52 AM, 7 September

ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်း ကောင်းမွန်ရေးတွက် ငွေကြေးအလုံးအရင်းသုံးကာ အားစိုက်လုပ်ဆောင်နေတဲ့ အမေရိလုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ချဲလ်ဆီးအသင်းက ယခုနှစ်ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ အဓိက ဂိုးသမား ၂ယောက်ကို အပြောင်းအလဲလုပ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကို အငှားချခံလိုက်ရတဲ့ ကီပါက ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့ပုံကို ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းတွင် အငှားဖြင့် ပြောင်းရွှေ့လာခဲ့တဲ့ ကီပါအနေဖြင့် ဘွန်ဒက်စ်လီဂါ ချန်ပီယံကလပ်အသင်းရဲ့ နည်းပြ သောမက်စ်တူချယ်ရဲ့ ချန်ပီယံလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းလူစာရင်းမှာ တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကီပါအနေဖြင့် ချဲလ်ဆီးအသင်းအတွက် အနာဂတ်မရေရာမှုများ ဖြစ်ပေါ်လာချိန် လာလီဂါ ချန်ပီယံဆု စိန်ခေါ်နိုင်ရေးအတွက် ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက ဂိုးသမား ကော်တိုရစ် အမှတ်မထင် ဒဏ်ရာရခဲ့မှုအပြီးမှာ အရေးပေါ်ဂိုးသမား ရှာဖွေလာခဲ့တာကြောင့် အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

နည်းပြ သောမက်စ်တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက ချဲလ်ဆီးအသင်းရဲ့ နံပါတ် ၁ ဂိုးသမားအား ခေါ်ယူနိုင်ရေးတွက် ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမဲ့ ဘာနေဗျူးကလပ်ရဲ့ ကမ်းလှမ်းမှုက ကစားသမားရဲ့ ရွေးချယ်မှုကို ပြောင်းလဲစေခဲ့တာလည်း ဖြစ်ပါတယ်။ ကီပါအနေဖြင့် မက်ဒရစ်ကလပ်တွင် အဓိကဂိုးသမား ကော်တိုရစ် ဒဏ်ရာရနေချိန် ဒုတိယဂိုးသမား လူနင်နဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်လာရနိုင်တာလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို မရခင် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ရန် နီးစပ်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ ကီပါက“နည်းပြ ပိုချက်တီနိုက ချဲလ်ဆီးမှာ ဆက်နေစေချင်ပါတယ်။ ဘိုင်ယန် အသင်းဘက်ကလည်း ကမ်းလှမ်းလာတာကြောင့် ကျွန်တော့်အနေနဲ့ ဂျာမန်ကလပ်ကို ပြောင်းရွှေ့ကစားနိုင်ရန် အတော်လေး နီးစပ်ခဲ့တာပါ” “ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုနဲ့ ကြုံလာတဲ့အခါမှာတော့ ကျွန်တော့်မှာ ဘာတွေကိုမှ စောင့်ဆိုင်းမနေချင်တော့ပါဘူး။ အပြောင်းအရွှေ့က ဖုန်းပြောချိန်နည်းနည်းနဲ့ နာရီပိုင်းလေးအတွင်းမှာ အထမြောက်ခဲ့တာပါ” လို့ ဖွင့်ဟပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ကီပါ #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ