ရှေ့သို့
Image

အာတီတာဟာ ကိုင်ဟားဗက်ဇ်ကို ချန်လှပ်ဖို့ ထိတ်လန့်နေတယ်လို့ ဂန္ထဝင်ဟောင်း ပီတစ် ပြောကြား

8:47 AM, 7 September

အာဆင်နယ်အသင်း နည်းပြ အာတီတာအနေနဲ့ ဟားဗက်ဇ်ကို ချန်လှပ်သင့်တယ်လို့  ဂန္ထဝင်ကစားသမားဟောင်း ပီတစ်က ပြောကြားလိုက်ပါတယ်။

ပီတစ်က အာတီတာ အနေနဲ့ ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဟားဗက်ဇ်ကို အရန်ခုံမှာပဲ ထားသင့်တယ်လို့ ယုံကြည်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်နဲ့ ပွဲမှာ ဟားဗက်ဇ်တစ်ယောက် ယုံကြည်မှုပျောက်ဆုံးနေတယ်လို့ ပြောကြားခဲ့ပြီး သူ့ကိုကြည့်ရတာ စိတ်မကောင်းဖြစ်မိတယ်လို့ ပီတစ်က ပြောကြားလိုက်ပါတယ်။

“ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူ့မှာအရည်အချင်းကောင်းတွေ ရှိနေတယ်ဆိုတာ ကျွန်တော်ယုံကြည်နေဆဲပါ။ အင်္ဂလန်ကိုရောက်လာပြီးကတည်းက သူဒီလိုမျိုးရုန်းကန်နေရတာမျိုး မမြင်ဖူးပါဘူး။ ဒါပေမယ့် သူရုန်းကန်နေရပြီး တနင်္ဂနွေနေ့ပွဲမှာဆို ခြေစွမ်းပါပျောက်နေပါတယ်။ ကျွန်တော်သာ အာတီတာဆိုရင် သူ့ကိုအရန်ခုံမှာပဲထားမှာပါ။ အဲ့တာက အပြစ်ပေးတာမဟုတ်ပဲ အရေးပါပါတယ်။ ဒါပေမယ့် သူ့ကို အရန်ခုံပို့ပြီးဖြည်းဖြည်းချင်း အသုံးပြုရမှာပါ။ သူ့မှာ ယုံကြည်မှုပျောက်နေသလို အာတီတာအနေနဲ့လည်း အရန်ခုံပို့ဖို့ ကြောက်နေပါတယ်။ သူကဖြစ်လာမယ့်အရာတွေကို ကြောက်နေတာပါ။ သူကွင်းထဲမှာ ဘာမှမလုပ်ပြနိုင်ပါဘူး”လို့ ပီတစ်က ပြောကြားခဲ့ပါတယ်။

ဟားဗက်ဇ်ဟာ ချဲလ်ဆီးကနေ ပြောင်းလာပြီးကတည်းက အာဆင်နယ်အတွက် သွင်းဂိုးကော ဂိုးဖန်တီးမှုပါမလုပ်နိုင်သေးပဲ အာဆင်နယ်ပရိသတ်တွေကတော့ သူ့ဆီကနေ အများကြီးမျှော်လင့်နေကြပါတယ်။ အာတီတာက ဟားဗက်ဇ်ကို ထောက်ခံထားပြီး ဝေဖန်မှုတွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်အပြီး အဲဗာတန်နဲ့ ကစားမယ့်ပွဲမှာ ဟားဗက်ဇ်တစ်ယောက် ခြေစွမ်းပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာဗက်ဇ်ဟာ ဂျပန် ၊ ပြင်သစ်တို့နဲ့ကစားမယ့်ပွဲအတွက် နိုင်ငံအသင်းနဲ့ ပူးပေါင်းနေပြီဖြစ်ပါတယ်။

#အာတီတာ #ဟားဗက်ဇ် #ပီတစ် #ပရီးမီးယားလိဂ်