ရှေ့သို့
Image

အသင်းကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်ကို ပြန်လာခဲ့တဲ့ ဖီးလ်ဂျုံးစ်

8:44 AM, 7 September

ယူနိုက်တက်နောက်ခံလူ ဖီးလ်ဂျုံးစ်တစ်ယောက် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်နောက်ခံလူဟောင်းအနေနဲ့ အသင်းဟောင်းထံ အပြီးသတ်ပြန်လာတာတော့မဟုတ်တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်သားဟာ အသင်းဟောင်းရဲ့အကယ်ဒမီလေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်နေတာဖြစ်ပါတယ်။ ဘလက်ဘန်းနောက်ခံလူဟောင်းဟာ ယူနိုက်တက်အသင်းနဲ့ အတူ ၁၂ နှစ်တာဖြတ်သန်းခဲ့ပြီးနောက် အခုနွေရာသီတုန်းက နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းမှာတုန်းကလည်း ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပြီး ကစားသမားဘဝထိခိုက်စေခဲ့တာ ဖြစ်ပါတယ်။ ဖီးလ်ဂျုံးစ်အနေနဲ့ ဘောလုံး ဆက်ကစားချင်ပေမယ့် ကြံ့ခိုင်မှုအပေါ်မူတည်ပြီး အခွင့်အရေးရလာခဲ့ရင်တော့ ကစားနိုင်မှာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း သူ့အနေနဲ့ နည်းပြလောကကိုဝင်ရောက်ဖို့ ရွေးချယ်စရာရှိနေပါတယ်။ ယူနိုက်တက် သတင်းတွေအရ ဂျုံးစ်တစ်ယောက် ယူ - ၁၈ အသင်းလေ့ကျင့်ခန်းဆင်းတာကို ကြည့်ရှုခဲ့ပေမယ့် နည်းပြအဖြစ်တော့ ကမ်းလှမ်းမှုမရသေးဘူးလို့ သိရပါတယ်။

အသင်းဘက်က ကစားသမားဟောင်းတွေကို လူငယ်ကစားသမားတွေနည်းပြဖို့ ပြန်လည် ခေါ်ယူလေ့ရှိတာဖြစ်ပါတယ်။ ဂျုံးစ်ဟာ ယူနိုက်တက်အတွက် ၂၂၉ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အင်္ဂလန်အသင်းအတွက်တော့ ၂၇ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

သူ့ရဲ့ကျောနံပတ် ၄ ကိုတော့ ယူနိုက်တက်ကစားသမားသစ် အမရာဘတ်က ရယူခဲ့ပြီဖြစ်ကာ မနေ့တုန်းက အမရာဘတ်ကို တရားဝင်ကြေညာခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ် #ပရီးမီးယားလိဂ်