အာဆင်နယ်နဲ့ ယူနိုက်တက်ပွဲမှာ ရွိုင်ကိန်းကို တိုက်ခိုက်ခဲ့တဲ့ အမျိုးသားတစ်ဦး အဖမ်းခံရ
11:34 AM, 5 September
အာဆင်နယ်နဲ့ ယူနိုက်တက်ပွဲမှာ ရွိုင်ကိန်းကို တိုက်ခိုက်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးမိခဲ့ပြီလို့ သိရပါတယ်။ အဆိုပါပွဲအတွင်း ရွိုင်ကိန်းတစ်ယောက် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စကိုင်းစပေါ့တ်တင်ဆက်သူ ရစ်ချက်စ်က ကာကွယ်ပေးခဲ့ရတာဖြစ်ပါတယ်။
မက်ထရိုပိုလစ်တန်ရဲတပ်ဖွဲ့တော့ ဖြစ်ရပ်အတွင်းပါဝင်ခဲ့တဲ့သူဟာ ဘယ်သူဆိုတာကို အတည်ပြုဖို့ ငြင်းဆန်ခဲ့ပေမယ့် ကြေညာချက်ထဲမှာတော့ “စက်တင်ဘာလ ၃ ရက်နေ့က အမ်းမရိတ်မှာ ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့ အမျိုးသားတစ်ဦးကို ကျွန်တော်တို့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါပြီ။ တနလာၤနေ့တုန်းက အသက် ၄၂ နှစ်အရွယ် အမျိုးသားကို ဖမ်းမိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ ထိန်းသိမ်းထားကာ လိုအပ်တာတွေလုပ်ဆောင်နေပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
စကိုင်းသတင်းဌာနကတော့ ရစ်ချက်စ်ဟာ အာဆင်နယ်နဲ့ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ အမျိုးသားရန်ကနေ ကိန်းကို ကာကွယ်ပေးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
“ရဲတပ်ဖွဲ့ ကိုယ်ထိလက်ရောက်စော်ကားတဲ့လူတစ်ဦးကို စုံစမ်းစစ်ဆေးနေတယယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ဗီဒီယိုထဲမှာတော့ ရစ်ချက်စ်က အခြေအနေကို ထိန်းသိမ်းခဲ့တာပါ”လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။