ရှေ့သို့
Image

ဖာဂူဆန်သာ ဆက်ရှိနေသေးရင် ဆန်ချိုတစ်ယောက် ယူနိုက်တက်မှာ ဘောလုံးကစားရမှာတောင် မဟုတ်တော့ဘူးလို့ ပြောလိုက်တဲ့ ဖော်စတာ

9:32 AM, 5 September

ယူနိုက်တက်ဂိုးသမားဟောင်း ဘင်ဖော်စတာက တကယ်လို့ နည်းပြကြီးဖာဂူဆန်သာ ယူနိုက်တက်နည်းပြအဖြစ် ဆက်ရှိဦးမယ်ဆိုရင် ဆန်ချို ဘယ်လိုအပြစ်ပေးခံရမလဲဆိုတာ ပြောပြသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းကို ၃-၁ဂိုးနဲ့ရှုံးခဲ့ပြီးနောက် ယူနိုက်တက်နည်းပြ တန်တတ်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းမပြနိင်တာကြောင့် အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဆန်ချိုက တန်ဟတ်ပြောတာတွေကို မယုံဖို့ လူမှုကွန်ရက်ပေါ်ကနေ ပရိသတ်တွေထံ အသိပေးစာပေးပို့ခဲ့ပါတယ်။ အဆိုပါ ကိစ္စအပေါ် လူမှုကွန်ယက်တွေပေါ်မှာ ဆွေးနွေးမှုတွေ ရှိနေခဲ့ပြီး တန်ဟတ်ဘက်က ရပ်တည်သူ၊ ဆန်ချိုဘက်က ရပ်တည်သူစသဖြင့် အမြင်တွေအမျိုးမျိုး ကွဲပြားနေကြပါတယ်။

ယခု ဆန်ချိုရဲ့ပြဿနာအပေါ် နည်းပြကြီးဖာဂူဆန် ဘယ်လိုကိုင်တွယ်နိုင်သလဲလို့ မေးတဲ့အခါ ဖော်စတာက"အခုလို ဖြစ်လာတာက တကယ်ကိုရူးသွပ်စရာကောင်းပါတယ်။ နည်းပြကြီးဖာဂူဆန်သာ ယူနိုက်တက်မှာ ဆက်ရှိနေခဲ့ပြီး ဆန်ချို အခုလိုလုပ်မယ်ဆိုရင် သူ ယူနိုက်တက်ဆိုတဲ့ အလင်းရောင်ကိုတောင် မြင်ရမှာမဟုတ်တော့ပါဘူး။ သူ ဒီအသင်းအတွက် ဘယ်တော့မှ ကစားရမှာ မဟုတ်ပါဘူး။ သူ လေ့ကျင့်ရေးကွင်းထဲကိုလည်း ဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ မင်းနဲ့ ဒီအသင်း ပွဲပြီးသွားပြီ။ နောက်မှတွေ့မယ်ဆိုတာမျိုး ဖြစ်သွားမှာပါ။မင်း ဒီလိုလုပ်ခွင့်တော့ရှိနေတယ်။ ဒါပေမယ့် အဲ့ဒါက မင်းအပေါ်မှာ အကူအညီဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါက ဝမ်းနည်းစရာကောင်းပြီး မလေးမစားလုပ်ရာကျပါတယ် ပြီးတော့ လူတိုင်းက ဆန်ချိုရဲ့ ကိစ္စက ဘယ်လိုဖြစ်လာမှာလဲဆိုပြီး ဝိုင်းမေးကြပါလိ့မယ်။ ဆန်ချိုကိစ္စလိုပဲ တန်ဟတ်က အဝတ်လဲခန်းမှာ ပါဝါကျနေပါပြီ။ ဆန်ချိုကလည်း ဒီလူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာက လေ့ကျင့်ရေးနဲ့ မဆိုင်ဘူးဆိုပြီး ပြောထားပါတယ်။ ဒီလိုမျိုး ကိုယ်တိုင်ထုတ်ပြောလာတာလည်း ကောင်းပါတယ်"လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆန်ချို #ဖော်စတာ #ဖာဂူဆန် #ပရီးမီးယားလိဂ်