ရှေ့သို့
Image

အာဆင်နယ်စတားတစ်ဦးက ပြီးခဲ့တဲ့ရာသီကနဲ့ မတူပဲ ပြောင်းလဲလာတယ်လို့ အာတီတာ ထုတ်ဖော်ပြောကြား

9:05 AM, 5 September

ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက ဗီအဲရာရဲ့တိုးတက်လာမှုကို ချီးကျူးစကားဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ပထမပိုင်းမှာတုန်းက ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခြင်းခံခဲ့ရပေမယ့် အိုဒီဂတ်က  ၁ မိနစ် အကြာမှာပဲ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။

တန်ဟက်ရဲ့အသင်းက ပွဲကစားချိန် ၈၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဂါနာချိုတစ်ယောက် ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ အာဆင်နယ်က အဆိုပါအခြေအနေကနေ ပြန်လာနိုင်ခဲ့ပြီး ဒီကလန်ရိုက်စ်နဲ့ ဂျီးဆပ်စ်တို့က နောက်ကျအနိုင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်လူစားလဲလိုက်တဲ့ ကစားသမားတွေထဲမှာ တိုးတက်လာတဲ့ ကစားသမားတစ်ဦး ရှိနေပြီး အဆိုပါကစားသမားက ဗီအဲရာဖြစ်ကာ ဖူလ်ဟမ်ကို သရေကျခဲ့တဲ့ပွဲမှာ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို အခုလည်း ဂျီးဆပ်စ်ရဲ့အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အာတီတာက ပေါ်တိုကစားသမားဟောင်းရဲ့ဒီရာသီတိုးတက်လာမှုအပေါ် ချီးကျူးခဲ့ပါတယ်။ “ကစားသမားတိုင်းမှာ အခွင့်အရေးရှိနေပါတယ်။ ဒီနေ့မှာ ကိုင်ဟားဗက်ဇ်ကို ပွဲထွက်လူစာရင်းမှာ ထည့်ခဲ့ပေမယ့် ဖေဘီယိုက ကြီးမားတဲ့အကျိုးပြုမှုရှိခဲ့ပါတယ်။ တကယ်လို့ လိုအပ်လာရင် မိနစ်အနည်းငယ်အတွင်း ပြောင်းလဲပေးနိုင်ပါတယ်။ ဒီရာသီမှာ သူ့အနေနဲ့ မနှစ်ကထက်ပိုပြီး တိုးတက်လာပါတယ်။ သူပိုပြီး ရင့်ကျက်လာသလို အသင်းမှာလည်း စီနီယာကစားသမားပိုဆန်လာပါတယ်။ သူ့ရဲ့ယုံကြည်မှုက အမြင့်မားဆုံးအနေအထားမှာ ရောက်နေသလို ဒီလိုရွေးချယ်နိုင်တဲ့ ကစားသမားတွေရှိနေလို့ ကျွန်တော်အများကြီးပိုပျော်ရပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ဗီအဲရာ #ပရီးမီးယားလိဂ်