အာဆင်နယ်နယူနိုက်တက်တို့ ကစားနေတဲ့ ပွဲစဉ်အတွင်း ပရိသတ်တစ်ဦးရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းခံခဲ့ရတဲ့ ရွိုင်ကိန်း
11:34 AM, 4 September
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ ကစားနေစဉ်အတွင်း ပရိသတ်တစ်ဦးရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းခံခဲ့ရကာ စကိုင်းစပေါ့တ်တွဲဖက် မီကာရစ်ချက်က အခြေအနေကို ဖြန်ဖြည်ခဲ့ရတာဖြစ်ပါတယ်။
လူမှုမီဒီယာမှာထွက်ပေါ်လာတဲ့ ဗီဒိယိုဖိုင်အရ ရစ်ချက်စ်ဟာ အဆိုပါပရိသတ်ရဲ့ ကျူးလွန်မှုကို ကာကွယ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ Daily Mail သတင်းဌာနရဲ့အဆိုအရ ကိန်းဟာ အာဆင်နယ်အသင်းရဲ့ အနောက်ဘက်ပွဲကြည့်စင်က ပရိသတ်တစ်ဦးက မေးစေ့နဲ့ ရင်ဘတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြင်းထန်တဲ့ဒဏ်ရာတော့ မရခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ရစ်ချက်စ်က အဆိုပါအခြေအနေကို တားဆီးနိုင်ခဲ့တယ်လို့ စကိုင်းစပေါ့တ်က အတည်ပြုခဲ့ပါတယ်။ “ဒီလိုပရိသတ်တစ်ဦးရဲ့ တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဗီဒီယိုထဲမှာ ရစ်ချက်စ်က အခြေအနေကို ဖြေရှင်းခဲ့ပါတယ်”လို့ မေးလ်သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အာဆင်နယ်နဲ့ ယူနိုက်တက်တို့ပွဲဟာ နောက်ကျအချိန်ပိုမိနစ်မှာ စိတ်လှုပ်ရှားစရာတွေဖြစ်ခဲ့ပြီး ဒီကလန်ရိုက်စ် နဲ့ ဂျီးဆပ်စ်တို့က နောက်ကျအနိုင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က ဦးဆောင်ဂိုး သွင်းယူခဲ့ပေယ့် အိုဒီဂတ်က ၁ မိနစ်အကြာမှာပဲ အိုဒီဂတ်က ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ကိုင်ဟားဗက်ဇ်ရဲ့ဖြစ်ရပ်မှာ ပင်နယ်တီရခဲ့သင့်ပေမယ့် VARကြောင့် နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ကလည်း ဂါနာချို နောက်ကျအနိုင်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် နစ်နာခဲ့ရပါတယ်။