ရှေ့သို့
Image

ဘရိုက်တန်သို့အပြောင်းအရွှေ့အပြီးမှာ အန်ဆုဖာတီကို ဘာစီလိုနာအသင်းမှာ သမိုင်းတွင်စေချင်တယ်လို့ ပြောကြားလိုက်တဲ့ ဇာဗီ

3:54 PM, 3 September

အံ့ဩဖို့ကောင်းတဲ့ အပြောင်းအရွှေ့တစ်ခုကတော့ ဖာတီရဲ့ ဘာစီလိုနာကနေ ဘရိုက်တန်သို့ အပြောင်းအရွှေ့ပဲဖြစ်ပါတယ်။

အဆိုပါလူငယ်တောင်ပံကစားသမားဟာ ဘရိုက်တန်သို့ တစ်ရာသီအငှားစာချုပ်ဖြင့်ရောက်ရှိလာခဲ့ပြီး စပိန်သားရဲ့ ပရီးမီးယားလိဂ်သို့ လာရန်ဆုံးဖြတ်ချက်တွင် နည်းပြ ဒီဇာဘီရဲ့ ကြီးမားတဲ့လွှမ်းမိုးမှုရှိတယ်လို့ ယူဆရပါတယ်။

၂၀၂၃-၂၄ ရာသီကုန်အထိ ဘရိုက်တန်သို့ ရောက်ရှိလာတဲ့ အသက် ၂၀ အရွယ် ဖာတီဟာ ၎င်း၏ နူးကမ့်ကစားသမားဘဝ စတင်ခြင်းကနေ ရပ်တန့်ခဲ့ပြီးနောက် သူ့ရဲ့အရည်အချင်းတွေကို ပြသရန် နောက်ဆုံးမှာ အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်တွင် ကတ္တလန်ကလပ်ရဲ့ ပထမအသင်းသို့ ရောက်လာခဲ့သော်လည်း လူငယ်တိုက်စစ်ကစားသမားဟာ လာလီဂါပွဲ ၂၁ ပွဲသာ စတင်ကစားခဲ့ရပါတယ်။

ပထမအသင်းမှာ ကစားခွင့်ရရှိဖို့ စိတ်အားထက်သန်နေတဲ့ ဘစ်ဆောဖွား တိုက်စစ်မှူးဟာ အငှားပြောင်းရန်ရွေးချယ်ခဲ့ပြီး အသင်းကနေ ထွက်ခွာခဲ့သော်လည်း သူ့ရဲ့အနာဂတ်က အသင်းမှာ ဆက်ရှိနေတာဖြစ်တယ်လို့ နည်းပြဇာဗီက ပြောကြားထားပါတယ်။

"အနာဂတ်မှာ ကျွန်တော်တို့က သူ့ကို ဘာစီလိုနာသို့ ပြန်လာစေချင်ပါတယ်"

"အန်ဆုက ကလပ်ရဲ့အမွေအနှစ်အစိတ်အပိုင်းတစ်ခုပါ၊ သူက ကစားချင်တာနဲ့ ဒီအခွင့်အရေးကို ရဖို့အတွက် တောင်းဆိုတာပါ" လို့ ဘာစီလိုနာနည်းပြက ပြောကြားထားပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ဘရိုက်တန် #ဖာတီ