ရှေ့သို့
Image

ယူနိုက်တက်ကို မရောင်းချဖို့ဆုံးဖြတ်ချက် ချလိုက်တဲ့ ဂလေဇာ

3:47 PM, 3 September

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်း ဌာနရဲ့ဖော်ပြချက်အရ ဂလေဇာမိသားစုက ယူနိုက်တက် ကို ၁နှစ်ကျော်ကြာ အရောင်းစာရင်း တင်ခဲ့ပေမယ့် သူတို့ လိုချင်တဲ့ ပေါင် ၁ဝ ဘီလီယံကို မရခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ကို အရောင်းစာရင်း ကနေ ဖယ်ရှားကာ မရောင်းချတော့ဖို့ ဆုံးဖြတ်ချက်ချလိုက်ကြောင်း သိရပါ တယ်။

 ဂလေဇာမိသားစုက မန်ချက်စတာယူနိုက်တက်ရဲ့ကွင်းတွင်းစွမ်းဆောင်ရည် တိုးတက်လာမှုနဲ့ အလားအလာကောင်းတို့ကြောင့် အသင်းကို ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး ကာတာစော်ဘွား ရှိတ်ဂျာဆန်က မန်ချက်စတာယူနိုက်တက်ကို ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ် တချို့က ဖော်ပြထားကြပါတယ်။

ဂလေဇာတို့ဟာ ယူနိုက်တက်ကို ၁၈ နှစ်ကြာအုပ်စိုးလာခဲ့ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလက အသင်းကို ရောင်းချဖို့ အစီအစဉ်ကို စတင်ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆာဂျင်ရက်ကလစ်ဖ်နဲ့ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်တို့ကို ယူနိုက်တက်ကိုဝယ်ယူနိုင်ရေး အချိန်ကာလ တစ်နှစ်လောက် ပြိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ယခုအခါ ဂလေဇာတို့ဘက်မှ ပေါင် ၁၀ ဘီလီယံအထိ တောင်းဆိုထားတာကြောင့် ရှိတ်ဂျာဆန်တို့အနေနဲ့ ကောင်းမွန်တဲ့ကမ်းလှမ်းမှုများစွာရှိသော်လည်း  အဆိုပါဈေးနှုန်းနဲ့နီးစပ်နိုင်ဖို့အလွန်ဝေးကွာနေတာဖြစ်ပါတယ်။

မေးလ်အွန်လိုင်းရဲ့အဆိုအရ ဂလေဇာတို့ဟာ ယူနိုက်တက်အား ရောင်းချခြင်းလုပ်ငန်းစဉ်ကို အဆုံးသတ်ဖို့ပြင်ဆင်နေပြီလို့သိရှိရပါတယ်။ ဂလေဇာမိသားစုနဲ့ ကာလရှည်ကြာအဆက်အသွယ်ရှိတဲ့ သတင်းရင်းမြစ်တစ်ခုက " ဂလေဇာတွေဟာ အပျက်သဘောဆောင်ရဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကို အရေထူနေပြီဖြစ်လို့ ဒီလိုဆန္ဒပြမှုတွေက သူတို့ကိုလွှမ်းမိုးနိုင်မှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကို မရောင်းချရန် ဆုံးဖြတ်ချက်ဟာ ဂလေဇာရဲ့ပိုင်ဆိုင်မှုတွေကိုဆန့်ကျင်နေတဲ့ ပရိသတ်‌တွေကို ဒေါသထွက်စေနိုင်ပြီး ဆန္ဒပြမှုတွေ ဆက်လက်ပေါ်ပေါက်လာနိုင်စေပါတယ်။ ပြီးခဲ့တဲ့နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာလည်း ထောင်နဲ့ချီတဲ့ ယူနိုက်တက်ပရိသတ်တွေဟာ အိုးလ်ထရက်ဖို့ဒ်မှာထိုင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ 

ဂလေဇာမိသားစုနဲ့ နီးစပ်တဲ့သတင်း‌ရင်းမြစ်တစ်ခုအရ ဂလေဇာတွေအနေနဲ့ "ပတ်ဝန်းကျင်နဲ့ ငွေကြေးဆိုင်ရာအချက်အလက်ဆွဲဆောင်ချက်များ" ကိုမျှော်လင့်ပြီး ၂၀၂၅ ခုနှစ်မှာ ထပ်မံရောင်းချနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာလည်း ဒေးဗစ်ဘမ်ခမ်းက ဂလေဇာများကိုယူနိုက်တက်မှထွက်ခွာသွားရန်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ အိုးလ်ထရက်ဖို့ရဲ့ပိုင်ရှင်အပြောင်းအလဲပြုလုပ်ဖို့လိုအပ်တယ်လို့ ယုံကြည်ပါသလားလို့ မေးမြန်းခဲ့ရာ ဘက်ခမ်းက "ကျွန်တော်ကတော့ အဲဒီလိုထင်ပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒအရ ဒီလိုဖြစ်သင့်ပါတယ်။ အထူးသဖြင့်မန်ချက်စတာယူနိုက်တက်လိုအသင်းအနေနဲ့ ပရိသတ်တွေဆုံးရှုံးလိုက်ရပြီဆိုရင် ပြန်ရဖို့ခက်ခဲပါတယ်။ ဂလေဇာတွေအနေနဲ့ ငွေကြေးအရရော အရာရာမှာပါ အောင်မြင်မှုတွေအများကြီးရရှိပြီးပါပြီ။ အခုချိန်မှာတော့ အပြောင်းအလဲပြုလုပ်ဖို့လိုအပ်နေပါပြီ။ ကျွန်တော်တို့အားလုံး မြင်ပါတယ်။ အားလုံးလည်းသိပါတယ်" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂလေဇာ