ရှေ့သို့
Image

အကီရဲ့သွင်းဂိုးက လူကျွံဘောကြီးပါဆိုပြီး ရိုးရိုးသားသားဝန်ခံသွားတဲ့ ဟာလန်း

1:07 PM, 3 September

မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက ယမန်နေ့ည ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း နောက်ခံလူအကီရဲ့သွင်းဂိုးဟာ လူကျွံဘောဖြစ်ပါတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

ဖူလ်ဟမ်အသင်း ချေပဂိုးသွင်းပြီးနောက် ပထမပိုင်းပြီးခါနီးမှာ အကီက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီဗာက ဂိုးကိုခွင့်ပြုပေးခဲ့ပေမယ့် လူအများစုကတော့ ဒီဂိုးဟာ လူကျွံဘောဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ 

ဒီဂိုးအပေါ် ဟာလန်းရဲ့အမြင်ကလည်း ပရိသတ်အများစုနဲ့တူညီခဲ့ပြီး လူကျွံဘောဖြစ်တယ်လို့ ယုံကြည်ခဲ့ပါတယ်။

ဟာလန်းက "ကျွန်တော်တို့ ရက်သတ္တပတ်တစ်ခုကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာပါ။ အဆုံးသတ်မှာ ကျွန်တော်တို့ ၅-၁ဂိုးနဲ့ နိုင်ခဲ့ပြီး ဒါကလည်း ထိုက်တန်ခဲ့ပါတယ်။ အကီရဲ့ဂိုးကတော့ လူကျွံနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဖူလ်ဟမ်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီလိုမျိုးဂိုးကို ခွင့်ပြုပေးရမယ်ဆိုရင် ကျွန်တော်ဆိုရင်လည်း ပေါက်ကွဲမှာပါပဲ။ ဒီကိစ္စက သူ့အတွက် ဆိုးရွားတဲ့ခံစားချက်ကို ရရှိစေပါတယ်"

"ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ ခက်ခဲတဲ့ရာသီအစကို ပိုင်ဆိုင်ခဲ့ဗပမယ့် ကျွန်တော်တို့ ဒီနှစ်မှာ အမှတ်ပိုယူနိုင်ခဲ့ပါပြီ။ နောက်ဆုံးမှာ ကျွန်တေ်ာတို့ လေးပွဲအထိ နိုင်ခဲ့လို့ ပြီးပြည့်စုံတဲ့စတင်မှုပါပဲ။ ဒါပေမယ့် ဒီထက်ပိုမြင့်တဲ့အဆင့်တစ်ခုရောက်ဖို့ ကျွန်တော်တို့ကြိုးစားရပါဦးမယ်"လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ဟာလန်း #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်