ရှေ့သို့
Image

တစ်နှစ်လုပ်ခ ယူရို ၂၅သန်းဖြင့် ဆော်ဒီအာရေဗျ နည်းပြ ဖြစ်လာတဲ့အပေါ် ရင်ဖွင့်ပြောဆိုလိုက်တဲ့ နည်းပြ မန်စီနီ

2:00 PM, 2 September

ယူရို ၂၀၂၀ ပြိုင်ပွဲအတွင်း အီတလီလက်ရွေးစင်အသင်းကို ဥရောပချန်ပီယံရေးအတွက် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တဲ့ အီတလီလက်ရွေးစင် အသင်းရဲ့ ဝါရင့်နည်းပြ မန်စီနီက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အောင်မြင်မှုမရခဲ့ဘဲ အီတီလက်ရွေးစင်အသင်းက နှုတ်ထွက်ပြီး ၂ပတ်အကြာတွင် ဆော်ဒီအာရေဗျအသင်းရဲ့ နည်းပြ အဖြစ် လုပ်ဆောင်မယ့်အပေါ် နည်းပြ မန်စီနီက ရင်ဖွင့်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နာမည်ကျော် ဂေဇက်တာဒယ်လိုစပေါ့ သတင်းတိုက်ရဲ့ ဖော်ပြချက်အရ အီတလီလူမျိုး နည်းပြအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်ချ် မြို့တွင်အားပေးတဲ့ ပရိသတ်များစွာနဲ့အတူ ခမ်းနားတဲ့ မိတ်ဆက်ပွဲအစီအစဉ်မှာ ထွက်ပေါ်လာဖို့ရှိနေတာ ဖြစ်ပါတယ်။

မန်စီနီအနေဖြင့် ဆော်ဒီလက်ရွေးစင်အသင်းအတွက် ခန့်အပ်ခံခဲ့ရတာကြောင့် တစ်နှစ်လုပ်ခ ယူရို ၂၅သန်းအထိ အကျို့ခံစားခွင့်ရမှာလည်း ဖြစ်ပါတယ်။ သိမ်းငှက်စိမ်းအုပ်စုနဲ့အတူ ပျံသန်းမယ့် နည်းပြ မန်စီနီက လာမယ့်ပွဲစဉ်တွေအဖြစ် ကော်စတာရီကာ၊ တောင်ကိုရီးယားအသင်းတို့နဲ့ ခြေစမ်းကစားရမှာ ဖြစ်ပါတယ်။

မန်စီနီရဲ့ ပထဦးဆုံးနိုင်ငံတကာ စိန်ခေါ်မှုအနေဖြင့် အာရှတိုက်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေဖြစ်ပြီး ပါကစ္စတန်၊ ကမ္ဘောဒီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းယှဉ်ပြိုင် ကစားသွားရမှာလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျနည်းပြ အဖြစ် ခန့်အပ်ခြင်းခံလိုက်ရတာနဲ့ ပတ်သက်လို့ အီတလီလူမျိုး နည်းပြ မန်စီနီက “ကျွန်တော့်အနေနဲ့ ဆော်ဒီလက်ရွေးစင်အသင်းအတွက် ကိုင်တွယ်ခွင့်ရတဲ့အပေါ် ဂုဏ်ယူမိပါတယ်။ ဒါက အာရှရဲ့ ဘောလုံးဖွံ့ဖြိုးမှုအားကောင်းတဲ့ နိုင်ငံသစ်တစ်ခုမှာ အခြေချခွင့်ရမှာဖြစ်လို့ အခွင့်အရေးကောင်းတစ်ရပ်အဖြစ် မြင်ပါတယ်။ ဆော်ဒီပရိုလိဂ်မှာ ထိပ်တန်းကစားသမားတွေရောက်နေတာကိုက ဆော်ဒီလက်ရွေးစင်အသင်းရဲ့ တိုးတက်မှုဆိုင်ရာ ရည်ရွယ်ချက်ကို မြင်နိုင်ပါတယ်” “လူစာရင်းက တောင့်တင်းမှုရှိသလို ကစားသမားကောင်းတွေလည်း အများအပြားပါဝင်နေပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းအလုပ်ကြိုးစားမယ်ဆိုရင် အဆင့်အတန်းတစ်ခုအထိ မြှင့်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အီတလီ #မန်စီနီ