ရှေ့သို့
Image

ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာကြောင့် တွေ့ဆုံချင်တာလဲဆိုတာ ရှင်းပြလိုက်တဲ့ နာပိုလီနည်းပြ ဂါစီယာ

1:50 PM, 2 September

အထူးသဖြင့် ရိုးမားဟာ ၂၀၁၆ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်နှင့် မတွေ့ဆုံမီ သူ့ကိုထုတ်ပယ်ခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ရီးရဲလ်မက်ဒရစ်နှင့် တွေ့ဆုံရတာကို နာပိုလီနည်းပြ ရူဒီဂါစီယာက ပျော်ရွင်နေပါတယ်။

ပြင်သစ်နိုင်ငံသားနည်းပြဟာ စီးရီးအေပွဲအဖြစ် လာဇီယိုနှင့် ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဂါစီယာရဲ့နာပိုလီဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် ရီးရဲလ်မက်ဒရစ်၊ ဘရာဂါ၊ လီယိုနာဒို ဘိုနူချီရဲ့ ယူနီယံဘာလင်တို့နှင့် ကျရောက်နေပြီး ကြာသပတေးနေ့တွင်ကျင်းပခဲ့တဲ့ မဲခွဲမှုနှင့်ပတ်သက်ပြီး ပထမဆုံးမေးခွန်းဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံသားက "ဒါက ဆိုးရွားခြင်းထက် ပိုတောင်ကောင်းနိုင်ပါတယ်" "ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး သူတို့နဲ့တွေ့ရတာ ပျော်ပါတယ်။ ၂၀၁၅-၁၆ ရာသီတုန်းက ကျွန်တော်ဟာ ရိုးမားနဲ့အတူ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း သူတို့နဲ့တွေ့ခွင့်မရခဲ့ပါဘူး" လို့ ပြောပါတယ်။

ဂါစီယာဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ရိုးမားရဲ့ ထုတ်ပယ်ခြင်းကိုခံခဲ့ရပြီး လူစီယာနို စပါလက်တီနှင့် အစားထိုးခဲ့ခြင်းခံခဲ့ရပါတယ်။။ ရိုးမားအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၄-၀ ဂိုးဖြင့် မက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးအချိန်တွင် နာပိုလီဟာ ခေါ်ယူမှုအသစ်များပြုလုပ်မည်မဟုတ်ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် နည်းပြ ဂါစီယာက အတည်ပြုပြောကြားခဲ့ပါတယ်။

"ဈေးကွက်မပိတ်သေးပေမယ့် ကျွန်တော်တို့က ဘယ်သူ့ကိုမှ ခေါ်ယူမှာမဟုတ်ပါဘူး။ လိုဇာနိုနှင့် ဒမ်မီးတို့အတွက် ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး လက်တလောမှာ ကျွန်တော်တို့နဲ့အတူရှိနေပါတယ်" လို့ ပြောကြားထားပါတယ်။

ခရာဗက်ခါလီယာက ယခုရာသီတွင် စီးရီးအေပွဲထွက်မှု မပြုလုပ်ရသေးဘဲ ဂျော်ဂျီယာနိုင်ငံသားဟာ လာဇီယိုနှင့်ပွဲမှာ စတင်ကစားနိုင်မလားဆိုတာကို ဂါစီယာက အတည်မပြုနိုင်သေးပါဘူး။ "သူက ပိုကောင်းလာပါတယ်၊ အသင်းနဲ့အတူ ရက်သတ္တပတ်တစ်ခုလုံး အလုပ်လုပ်ဖို့က အရေးကြီးပါတယ်။ သူက ကစားနိုင်မလားဆိုတာကို စောင့်ကြည့်ရအုံးမှာပါ" လို့ပြောပါတယ်။

ခရာဗက်က ဖရိုဆီနွန်နှင့်ပွဲမှာ မပါဝင်ခဲ့သော်လည်းပြီးခဲ့တဲ့ရက်သတ္တပတ်က ဆက်ဆူအိုလိုနှင့် ပွဲတွင် အရန်ခုံမှ ကနေပါဝင်ခဲ့ပါတယ်။ “ဒါဟာ နည်းပြတွေမဟုတ်ဘဲ အသင်းတွေကြားက ကစားပွဲပါ။ ဒါက ကျွန်တော်တို့ အနိုင်ရရမယ့်ပွဲပါပဲ"လို့ နာပိုလီနည်းပြဟောင်း ဆာရီနဲ့ ပတ်သက်တဲ့ မေးခွန်းကို ဂါစီယာက ဖြေကြားခဲ့ပါတယ်။ "လာဇီယိုက အရည်အသွေးရှိပါတယ်။ အမှတ်မရသေးတာကြောင့် သူတို့တွေက အမှတ်ရချင်ကြပါတယ်။ ကျွန်တော် ဘာကို မျှော်လင့်ရမှန်း မသိပေမယ့် ဘယ်သူနဲ့ ရင်ဆိုင်ရမလဲဆိုတာ အရေးမကြီးပါဘူး၊ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် အာရုံစိုက်ပြီး ပွဲကို ကောင်းကောင်း စီမံခန့်ခွဲရမှာပါ"လို့ ပြောပါတယ်။

ပြင်သစ်နိုင်ငံသားဟာ ယခုရက်သတ္တပတ်အစောပိုင်းက အသင်းသို့ရောက်လာခဲ့တဲ့ ဂျက်စ်ပါလင်စတုန်းနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ "ကျွန်တော်ပျော်ပါတယ်၊ သူက အသင်းအတွက် နောက်ထပ် အရည်အသွေးတစ်ခုပါ။ သူသည် နှစ်ပွဲအထိအနိုင်ရရှိထားတဲ့ အသင်းသို့ ရောက်ရှိလာခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာမယ့် လိုဇာနိုရဲ့နေရာမှာ အစားထိုးဖို့ သူက တိုက်စစ်ပိုင်းမှာ ကာမိသွားစေမှာပါ"လို့ ပြောပါတယ်။

#ဂါစီယာ #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ချန်ပီယံလိဂ်