ရှေ့သို့
Image

ဗင်နီစီးယက်စ်၊ ဘယ်လင်ဂမ်တို့အားကိုးနဲ့ ကြမ်းမယ့် ရီးရဲလ် အုပ်စုအဆင့်မှာတင် နာပိုလီနဲ့ တွေ့ပြီ

4:49 PM, 1 September

ချန်ပီယံပြိုင်ပွဲအတွင်း ဘုရင်လို့တောင် ညွှန်းဆိုလိုရနိုင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ယခုအပြောင်းအရွှေ့ကာလအတွင်း အဓိကတိုက်စစ်ကစားသမား ဘန်ဇီးမားကို ရောင်းချထားခဲ့အပြီးမှာ ဘယ်လင်ဂမ်အပါအဝင် ထိပ်တန်းကစားသမား အချို့ကို အားဖြည့်ကာ ဥရောပစင်မြင့်အထက်မှာ ပွဲကြမ်းဖို့ ပြင်ဆင်နေချိန် ခြေစွမ်းထက်နေတဲ့ နာပိုလီအသင်းပါ အုပ်စုအတွင်းမှာ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ် ချန်ပီယံအဖြစ် သရဖူဆောင်းခွင့်ရရေးအတွက် ကစားသမားစုဖွဲ့မှုကို အကောင်းဆုံး ပြင်ဆင်ကာ ပြည်တွင်းမှာပါ ပုံစံကောင်းပြ ခရီးဆက်နေခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ပုံစံကောင်းမရသည့်တိုင် ဥရောပဘောလုံးစင်မြင့်အထက်မှာ အမြဲလို အောင်မြင်မှုရှာဖွေနိုင်တတ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်း ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာကတည်းက ၁၅ကြိမ်မြောက် ချန်ပီယံလိဂ်ချန်ပီယံ ဖြစ်ခွင့်ရရန် နီးစပ်ခဲ့ပေမဲ့ အကြိုဗိုလ်လုပွဲအဆင့်တွင် နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းကို အညံ့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ၁၄ကြိမ်အထိ ဆုဖလား ကိုင်မြှောက်ကာ ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံး မှတ်တမ်းကို ရေးထိုးပြနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့နေ့ ညတွင် ပြုလုပ်တဲ့ မဲခွဲမှုအပြီးမှာ ခြေစွမ်းထက်နေတဲ့ နည်းပြ ပီအိုလီရဲ့ စီးရီးအေ ချန်ပီယံ နာပိုလီအသင်းအပါအဝင်၊ ပေါ်တူဂီပရိုလိဂ်ကလပ် စပို့တင်းဘရာဂါ၊ ဘွန်ဒက်စ်လီဂါကလပ် ယူနီယံဘာလင်အသင်းတို့နဲ့ တစ်အုပ်စုတည်း ရောက်နေတာကြောင့် အုပ်စုဗိုလ်ဖြစ်ရေးအတွက် ရုန်းကန်ရနိုင်တာပဲ ဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်အနေဖြင့် ရှေ့လာမယ့် ၂၀၂၃ - ၂၄ ဘောလုံးရာသီအတွက် ပြိုင်ပွဲကျင်းပမှု ပုံစံအသင်းကို ပြောင်းလဲအသုံးပြုရန် လျာထားပြီး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းကနေ ၃၆ သင်းကို ပြောင်းလဲကာ ကလပ်အသင်းတွေက အုပ်စုအတွင်းမှာ ၆ ပွဲကစားရာကနေ ၈ ပွဲအထိ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #နာပိုလီ #ချန်ပီယံလိဂ် #ဘယ်လင်ဂမ် #ဗင်နီစီးယက်စ်