ရှေ့သို့
Image

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီလက်စ်ရဲ့ အပြုအမူက မသင့်လျော်ပါဘူးလို့ ပြောကြားလိုက်တဲ့ ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်

1:27 PM, 1 September

ရူဘီလက်စ်ရဲ့ကမ္ဘာ့ဖလားဆုရှင် ဂျန်နီဖာဟာမိုဆိုအပေါ် အလိုမတူဘဲ အနမ်းပေးခဲ့တဲ့အပေါ် ယူအီးအက်ဖ်အေ ဥက္ကဌ ဆီဖာရင်က ရှုတ်ချခဲ့ပြီး ဒါဟာ မသင့်လျော်ပါဘူးလို့ အင်တာဗျူးတွင် ဖြေကြားခဲ့ကြောင်း ပြင်သစ်သတင်းစာဖြစ်တဲ့ L'Equipe က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီလက်စ်ဟာ သြဂုတ် ၂၀ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်ရဲ့အောင်ပွဲခံပွဲများအတွင်း ဟာမိုဆိုကို နမ်းခဲ့ပြီးနောက် စနေနေ့တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့မှ ယာယီရပ်ဆိုင်းခြင်းကိုခံထားရပါတယ်။

"ဟုတ်ပါတယ်၊ သူလုပ်ခဲ့တာတွေက မသင့်လျော်ပါဘူး။ ဒါကို ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါကလွန်မင်းတဲ့ လုပ်ရပ်ဆိုတာ သူသိမယ်လို့ မျှော်လင့်ပါတယ်။ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်ပေးတဲ့အတွက် လောလောဆယ် လုံလောက်ပါတယ်"လို့ ဖီဖာရဲ့ဒုတိယဥက္ကဋ္ဌ ရှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ ဆီဖာရင်က ပြောကြားခဲ့ပါတယ်။ "ဒီအဖြစ်အပျက်က စပိန်လက်ရွေးစင်အသင်းရဲ့ အောင်ပွဲခံတာကို လွှမ်းမိုးသွားလို့ စိတ်မကောင်းပါဘူး။ ဒါတွေကို ပြောင်းလဲသင့်တယ်" လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဖီဖာရဲ့စည်းကမ်းစစ်ဆေးမှုများ လုပ်ဆောင်နေချိန်တွင် ရူဘီယာလက်စ်ဟာ နိုင်ငံနှင့် နိုင်ငံတကာအဆင့်တွင် ဘောလုံးနှင့် ပတ်သက်တဲ့ လှုပ်ရှားမှုများအားလုံးကို ရက် ၉၀ အထိ ပိတ်ပင်ခြင်းခံထားရတာကြောင့် သူ့ကို နှစ်ကြိမ်ဆိုင်းငံ့ထားရန် မလိုအပ်ပါဘူးလို့ စပိန်နိုင်ငံသားရဲ့ ယူအီးအက်ဖ် ဒုဥက္ကဋ္ဌရာထူးနဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်ထံသို့ CNNဆက်သွယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က CNN ရဲ့ မှတ်ချက်ပေးရန် တောင်းဆိုချက်များစွာကို ရူဘီလက်စ်အနေနဲ့ တုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အသက် ၄၆ နှစ်အရွယ် ဥက္ကဌက သူ့ရဲ့လုပ်ရပ်အတွက် တောင်းပန်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ရဲ့ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

သောကြာနေ့က အဖွဲ့ချုပ်ရဲ့ အထူး အထွေထွေညီလာခံတွင် အဆုံးထိ တိုက်ပွဲလုပ်ဆောင်သွားမယ်လို့ ရူဘီလက်စ်က ပြောကြားခဲ့ပါတယ်။ ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးမှုများ တိုးမြင့်လာမှုနှင့်အတူ စပိန်အစိုးရရှေ့နေများရဲ့ လိင်ပိုင်းဆိုင်ရာ စွဲချက်များဖြင့် အဆုံးသတ်နိုင်သည့် စုံစမ်းစစ်ဆေးမှုတစ်ခုနဲ့လည်း ရူဘီယာလက်စ်ဟာ ရင်ဆိုင်နေရပါတယ်။

ရူဘီလက်စ်အား ရာထူးမှနှုတ်ထွက်ပေးဖို့ စပိန်အဖွဲ့ချုပ်မှ ဒေသဆိုင်ရာဥက္ကဋ္ဌ ၁၉ဦးက ယခုရက်သတ္တပတ်အစောပိုင်းမှာ တောင်းဆိုခဲ့ပြီး ဖီဖာရဲ့ ဆိုင်းငံ့ခြင်းခံခဲ့ရပြီးနောက် ယာယီဥက္ကဌဖြစ်လာတဲ့ ပတ်ဒရိုရိုချာကို ထောက်ခံအားပေးခဲ့ကြပါတယ်။

#စပိန် #ဆီဖာရင် #ဟာမိုဆို #ရူဘီလက်စ်