ဆော်ဒီကလပ်တွေကို ချန်ပီယံလိဂ်မှာ ပေးကန်မှာ မဟုတ်ဘူးလို့ ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင် ပြောကြား
8:53 AM, 1 September
ယူအီးအက်ဖ်အေဥက္ကဌ ဆီဖာရင်က ဆော်ဒီကလပ်တွေကို ချန်ပီယံလိဂ်မှာ ကစားခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။
“ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ဒါမှမဟုတ် ကွန်းဖရန့်လိဂ်တွေမှာ ဥရောပကလပ်တွေပဲ ကစားခွင့်ပေးမှာပါ”လို့ ချန်ပီယံလိဂ်မဲခွဲပွဲမတိုင်ခင် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ဆော်ဒီလိဂ်ဟာ ဘဏ္ဍာရေးဆိုင်ရာတောင့်တင်းမှုရှိသလို ရော်နယ်ဒို၊ နေမာ၊ မာနေးစတဲ့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူထားနိုင်ခဲ့ကာ ဆီဖာရင်က အဆိုပါနိုင်ငံဟာ ဥရောပဘောလုံးလောကကို ခြိမ်းခြောက်နိုင်မယ်လို့ မမြင်တာဖြစ်ပါတယ်။
“တရုတ်မှာလည်း အခုလိုမျိုးအနေအထားရှိပါတယ်။ သူတို့ကစားသမားဘ၀ နေဝင်ခါနီးအချိန်မှာ ငွေအမြောက်အမြားနဲ့ခေါ်ယူခဲ့ပါတယ်။ အဲ့နောက်ပိုင်းကတည်းက တရုတ်ဘောလုံးလောကက မတိုးတက်လာတော့တာပါ။ ကျွန်တော်သိသလောက် ပီအက်စ်ဂျီစတား ဘာပေ ၊ မန်စီးတီးစတား ဟာလန်းတို့က ဆော်ဒီမှာ ကစားဖို့ စိတ်ကူးမရှိပါဘူး”လို့ ဆီဖာရင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။