ရှေ့သို့
Image

ဝင်ဘယ်ဒန်အသင်းနဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့ပြီးနောက် ချဲလ်ဆီးပရိသတ်တွေရဲ့ သရော်ခြင်းခံခဲ့ရတဲ့ ကူကူရယ်လာ

10:46 AM, 31 August

ယူနိုက်တက်အသင်းက ချိတ်ဆက်နေတဲ့ ကူကူရယ်လာတစ်ယောက် ဝင်ဘယ်ဒန်အသင်းနဲ့ ကာရာဘောင်ဖလားပွဲမှာ ချဲလ်ဆီးအတွက် ပွဲထွက်ပါဝင်ကစားခဲ့ပြီးနောက် အသင်းပရိသတ်တွေရဲ့ သရော်ခြင်းခံခဲ့ရပါတယ်။

စပိန်သားဟာ ဒီရာသီပိုချက်တီနိုလက်အောက်မှာ ပထဆုံးအကြိမ်ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။  ဒါပေမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ သူ့နာမည်ကို ကြေညာချိန်မှာတော့ အသင်းပရိသတ်တွေက သရော်ခဲ့ကြပါတယ်။

ချဲလ်ဆီးပရိသတ်တွေက တွစ်တာကနေလည်း “ငါဆိုရင် ကူကူရယ်လာကို ယူနိုက်တက်ထံ အလကားပေးလိုက်မှာပါ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “သူဘာကြောင့်ကစားနေတာလဲ။ ယူနိုက်တက်ကို သွားသင့်နေပါပြီ”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “ကူကူရယ်လာတစ်ယောက် ယူနိုက်တက်ကို ပြောင်းဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အခုနွေမှာ သူ့ကို ချဲလ်ဆီးကနေ ထွက်သွားစေချင်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

စပိန်သားဟာ ယူနိုက်တက်ထံ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ချဲလ်ဆီးနဲ့ သဘောတူညီမှု ရယူနိုင်ဖို့ပဲ လိုအပ်နေပါတယ်။ တန်ဟက်ရဲ့အသင်းက အငှားကြေးအဖြစ် ပေါင် ၂ သန်းနဲ့ ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီးဘက်က ပေါင် ၇ သန်းလိုချင်နေပါတယ်။

SunSport သတင်းဌာနကတော့ ကူကူရယ်လာဟာ အသင်းပြောင်းချင်နေပြီး ချဲလ်ဆီးမှာ နေရတာကို စိတ်ပျက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ စပိန်သားရဲ့ချဲလ်ဆီးနဲ့ အနာဂတ်က မသေချာတဲ့အနေအထားဖြစ်နေပြီး ပြီးခဲ့တဲ့နွေရာသီ ဘရိုက်တန်ကနေ ပြောင်းလာပြီးကတည်းက နေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ကာရာဘောင်ဖလား #ကူကူရယ်လာ