ရှေ့သို့
Image

ဝင်ဘယ်ဒန်နဲ့ ကစားရမယ့် ကာရာဘောင်ဖလားပွဲစဉ် မတိုင်မီ ကစားသမား ၉ဦးအထိ ဒဏ်ရာ ရထားတဲ့ ချဲလ်ဆီး

2:46 PM, 30 August

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ပိုင်ဆိုင်မှုနဲ့ ဥရောပ ထိပ်တန်းကစားသမားအချို့ကို ဆက်တိုက်ဆိုသလို ခေါ်ယူအားဖြည့်ထားခဲ့ပေမဲ့ ရလဒ်ပိုင်း မကောင်းဖြစ်နေတဲ့ ချဲလ်ဆီးအသင်းက ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ဝင်ဘယ်ဒန်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်တွင်  အဓိက ကစားသမားတွေဖြစ်တဲ့ မူဒရစ်၊ အန်ကွန်ကူအပါအဝင် ကစားသမား ၉ဦးခန့် လွဲချော်သွားမှာပဲ ဖြစ်ပါတယ်။

နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက လူတန်တောင်းအသင်းကို အနိုင်ရအပြီးမှာ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်အဖြစ် ဝင်ဘယ်ဒန်အသင်းကို စတမ်းဖို့ဒ်ဘရစ်ချ် ကွင်းအတွင်းမှာ လက်ခံယှဉ်ပြိုင် ကစားရန် ရှိနေတာလည်း ဖြစ်ပါတယ်။ လန်ဒန်မြေမှာ ကစားကြရန်ရှိနေတဲ့ အဆိုပါ ပွဲစဉ်မတိုင်မီတွင် ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အန်ကွန်ကူ၊ မူဒရစ်ခ်တို့ အပါအဝင် ကစားသမား ၉ ဦးအထိ လွဲချော်သွားမှာ ဖြစ်ပါတယ်။

ကိုင်ဟားဗက်ဇ်၊ ကိုဗာဆစ်၊ မေဆင်မောင့်တို့ ထွက်ခွာခဲ့ကြတဲ့ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်တွင် ပုံစံကောင်းပြသနေတဲ့ ချူကွေမီကာကလည်း ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွင် ဒူးဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဖိုဖာနာအပြင် ရာသီကြိုခြေစမ်းခရီးစဉ်အတွင်း ဒဏ်ရာရထားခဲ့တဲ့ အန်ကွန်ကူကလည်း ဒဏ်ရာမှ စောစီးစွာ ပြန်လည်သက်သာနိုင်ရန် တွက်ချက်ထားခဲ့ကြပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ပွဲဦးထွက် ပွဲစဉ် ၃ပွဲကို လွဲချော်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာရနေတဲ့ ကစားသမားစာရင်း ကြေငြာမှုတွင် ဘက်တင်နယ်လီ၊ ချာလိုဘချ်၊ ရီစီဂျိမ်းနဲ့ မီခေးလိုမူဒရစ်ခ်တို့အနေဖြင့် ဒဏ်ရာကို ကုသမှုပြုလုပ်နေတဲ့ ကာလဖြစ်ပြီး ဘာဒီယာရှီလီနဲ့ ဘရိုဂျာတို့က ဒဏ်ရာမှ ပြန်လည်သက်သာကာ မကြာမီအချိန်အတွင်း မြက်ခင်းပြင်အထက် အခြေချလာနိုင်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ကာရာဘောင်ဖလား #မူဒရစ်