ရှေ့သို့
Image

ပြိုင်ဘက်အသီးသီးကို အနိုင်ယူကာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ရောက်လာတဲ့ ဂါလာတာစာရေး၊ ယန်းဘွိုင်းစ်နဲ့ ဘရာဂါ

9:43 AM, 30 August

ဂါလာတာစာ​ရေး၊ ယန်းဘွိုင်းစ်နဲ့ ဘရာဂါအသင်းတွေဟာ ယမန်နေ့ညက ချန်ပီယံလိဂ်ခြေစစ်ပွဲ နောက်ဆုံးအဆင့်မှာ ပြိုင်ဘက်အသီးသီးကို အနိုင်ယူပြီး အုပ်စုအဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။

ဂါလာတာစာရေးဟာ နာကျင်အချိန်ပိုမိနစ်အတွင်း အိန်ဂျလီနိုရဲ့ ဖရီးကစ်နဲ့ မိုလ်ဒီကို နှစ်ကျော့ပေါင်းရလဒ် ၅-၃ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုအဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။ ယန်းဘွိုင်းစ်အသင်းကလည်း မက္ကာဟိုင်ဖာကို ပထမအကျော့ အစ္စရေးမြေမှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဒုတိယအကျော့ အိမ်ကွင်းမှာ ၃ဂိုးပြတ် အနိုင်ရကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ပေါ်တူဂီကလပ် ဘရာဂါကလည်း ဂရိကလပ် ပါနာသီယာကို့စ်ကို အဝေးကွင်းမှာ ၁-၀ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၃-၁ဂိုးနဲ့ အုပ်စုအဆင့်ကို ရောက်လာခဲ့ပါတယ်။ ဂါလာတာစာရေးအသင်းဟာ ၂၀၁၉ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ခြေစစ်ပွဲအဆင့်ကနေ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

တူရကီကလပ်ဟာ မနက်ဖြန်ည ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုမှာ နယူးကာဆယ်၊ ဆိုစီဒက်၊ ယူနီယံဘာလင်တို့နဲ့အတူ အနိမ့်ဆုံးအဆင့် Pot4ကနေ ပါဝင်ခွင့်ရခဲ့ပါတယ်။ ယန်းဘွိုင်းစ်ကတော့ ခြောက်ရာသီအတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကို သုံးကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။ ဘရာဂါအသင်းဟာ ၁၁နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဂါလာတာစာရေး၊ ယန်းဘွိုင်းစ်၊ ဘရာဂါအသင်းတွေဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ရောက်လာခဲ့လို့ နိုင်ပွဲနဲ့ သရေပွဲတွေအတွက် ဆုကြေးအပါအဝင် အပိုဆုကြေး ယူရိုသန်း၂၀ ရရှိသွားတော့မှာ ဖြစ်ပါတယ်။ မိုလ်ဒီ၊ မက္ကာဘီဟိုင်ဖာ၊ ပါနာသီယာကို့စ်တို့ကတော့ ယူရိုပါလိဂ်အုပ်စုအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဆုကြေး အနည်းဆုံးယူရို၉သန်းစီ ပိုင်ဆိုင်သွားမယ်လို့ သိရပါတယ်။

#ဂါလာတာစာရေး #ဘရာဂါ #ယန်းဘွိုင်းလ်