ရှေ့သို့
Image

ဘာစီလိုနာစတား အန်ဆုဖာတီအတွက် အပြိုင်ကြဲနေကြတဲ့ တော့တင်ဟမ်၊ ချဲလ်ဆီးတို့ရဲ့ ကွင်းပြင်ပ လန်ဒန်ဒါဘီ

9:16 AM, 30 August

နည်းပြ အပြောင်းအလဲများစွာနဲ့အတူ ရလဒ်ပိုင်း အားနည်းနေကြဆဲဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟမ်အသင်းတို့က တိုက်စစ်ပိုင်း ဖြည့်တင်းမှုတစ်ရပ်အနေဖြင့် နည်းပြ ဇာဗီရဲ့ ဦးစားပေးပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်နိုင်ခွင့် နည်းပါးလာတဲ့ လာလီဂါ ချန်ပီယံ ဘာစီလိုနာစတား အန်ဆုဖာတီကို ခေါ်ယူနိုင်ရေးအတွက် အပြိုင်စိတ်ဝင်စားမှု ပြသနေကြတာပဲ ဖြစ်ပါတယ်။

ကမ္ဘာကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ အဆိုအရ လန်ဒန်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟမ်အသင်းတို့က လာမာစီယာအကယ်ဒမီထွက် မက်ဆီလက်သစ်လို့ နာမည်ကြီးခဲ့တဲ့ တိုက်စစ်ကစားသမား အန်ဆုဖာတီကို ခေါ်ယူရေးအတွက် ဆွေးနွေးတဲ့ ကလပ်အသင်းတွေအထဲတွင် အဓိက နေရာမှာ ပါဝင်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

အန်ဆုဖာတီအနေဖြင့် နည်းပြ ဇာဗီရဲ့ လာလီဂါချန်ပီယံအသင်းမှာ ကျောနံပါတ် ၁၀ ဝတ်ဆင်ခွင့်ရပေမဲ့ ပုံမှန် ပွဲထွက်ကစားခွင့် နည်းပါးလာတာကြောင့် ယခုအပြောင်းအရွှေ့ကာလအတွင်း ကလပ်အသင်းပြောင်းရွှေ့ ကစားနိုင်ခြေများတဲ့အကြောင်း စောစီးစွာ သတင်းထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်ပိုင်း မြှင့်တင်ရန် လုပ်ဆောင်နေကြတဲ့ ချဲလ်ဆီးအသင်းနဲ့ တော့တင်ဟမ် အသင်းတို့က ဘာစီလိုနာစတားကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ ကိုယ်စားလှယ်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းတွင် ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာ ရခဲ့တာကြောင့် ကတ္တလန်ကလပ်အတွက် ပွဲကစားပေးနိုင်ခွင့် နည်းပါးခဲ့တဲ့ အန်ဆုဖာတီအနေဖြင့် ဘာစီလိုနာအသင်းတွင် ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်လိုပေမဲ့ အပြောင်းအရွှေ့ ကာလမပိတ်သိမ်းမီ ကလပ်ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့နိုင်တာလည်း ဖြစ်ပါတယ်။ အန်ဆုဖာတီက ၂၀၁၉ခုနှစ်တွင် ဘာစီလိုနာစီနီယာအသင်းအတွက် စတင်ပါဝင်ကစားပေးခွင့်ရထားခဲ့တာဖြစ်ပြီး စုစုပေါင်း ပွဲပေါင်း ၁၀၀ အထက်တွင် ကစားခွင့်ရထားခဲ့တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ချဲလ်ဆီး #တော့တင်ဟမ် #ဖာတီ