ရှေ့သို့
Image

ရူဘီလက်စ်ရဲ့ လုပ်ရပ်အပေါ် မကျေနပ်သူအချို့က မက်ဒရစ်မြို့လမ်းမတွေ အထက်မှာ ဆန္ဒပြနေကြ

3:23 PM, 29 August

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်တွင် နာမည်ကျော် အင်္ဂလန် အမျိုးသမီးလက်ရွေးစင် အသင်းကို ၁ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ကစားကာ ချန်ပီယံဖြစ်ခဲ့ တဲ့ စပိန်လက်ရွေးစင်အမျိုးသမီးအသင်း အောင်ပွဲခံနေစဉ် တိုက်စစ်ကစားသမား ဟာမိုဆိုကို အနမ်းနဲ့ ဆုချကောင်းခဲ့တဲ့ စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ရူဘီယာလက်စ်ရဲ့ လုပ်ရပ်အပေါ် စပိန်မြို့တော်မှာ ဆန္ဒပြနေကြတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဆုပေးပွဲအခမ်းအနားကျင်းပစဉ် စပိန်အမျိုးသမီးလက်ရွေးစင်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဟာမိုဆိုအား စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရူဘီလက်စ်က အနမ်းဖြင့် ဆုချပုံကောင်းခဲ့တဲ့ ဖြစ်ရပ်အပြီး ၉ရက်အကြာတွင် စပိန်မြို့တော်ရဲ့ လမ်းမတွေအထက်မှာ ဆန္ဒပြသူတွေ ပလူပျံလာခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဒရစ်မြို့ရဲ့ လမ်းမတွေအထက်မှာ ချီတက်ဆန္ဒပြနေကြတဲ့ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက ‘ရူဘီလက်စ် မြန်မြန်ထွက်’၊ ‘အားကစားဆိုတာ လိင်အမြတ်ထုတ်တဲ့ကမ္ဘာမဟုတ်၊ အားလုံးအတွက် တန်းတူအခွင့်အရေးရှိရမယ်’၊ ‘ပြင်းပြင်းပြပြ ဆန့်ကျင်ကြ’ စတဲ့ စာတန်းတွေကို ရေးသား ကိုင်ဆောင်ကာ စီတန်းလှည့်လည် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ဆုပေးပွဲမှာ ပြုမူခဲ့တဲ့ လုပ်ရပ်ကြောင့် စပိန်ဘောလုံးဥက္ကဌဖြစ်တဲ့ ရူဘီလက်စ်ကို ရက် ၉၀ ကြာ ဘောလုံးလောကမှ ပိတ်ပင်ထားခဲ့ပေမဲ့ သောကြာနေ့တွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ရူဘီယာလက်စ်က နှုတ်ထွက်ရန် ငြင်းပယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။ ဝေဖန်တွေနဲ့ ကြုံတွေ့နေရတဲ့ ရူဘီလက်စ်အနေဖြင့် အမျိုးသမီးဘက်မှ စတင်နမ်းရှိုက်ခဲ့တာ ဖြစ်တဲ့အကြောင်း အခိုင်အမာပြောဆိုထားပေမဲ့ စပိန်အစိုးရဘက်က ရူဘီလက်စ်ကို အရေးယူရန် စပိန်အားကစားဆိုင်ရာခုံရုံးကို တောင်းဆိုထားတာကြောင့် အကြောင်းအရာပိုင်းမှာ ရှုပ်ထွေးနေတာလည်း ဖြစ်ပါတယ်။

ရူဘီလက်စ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဖြစ်သလို ကမ္ဘာ့ဖလားချန်ပီယံ အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်တဲ့ ဂျော့ဗီလ်ဒါကလည်း လက်ထောက် နည်းပြကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တဲ့အကြောင်း ဝေဖန်မှုတွေ ဆက်တိုက် ထွက်ပေါ်လာတာကြောင့် စပိန် အားကစားသမား ၈၀ ကျော်ခန့်က အပြောင်းအလဲတွေ မလုပ်ဆောင်မချင်း လက်ရွေးစင်အသင်းအတွက် ပြန်မကစားနိုင်တဲ့ အကြောင်း ဆန္ဒပြ နှုတ်ထွက်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

#ဟာမိုဆို #ရူဘီလက်စ်