ရှေ့သို့
Image

ယူနိုက်တက်ကို ပြောင်းဖို့ အရမ်းနီးစပ်နေပြီဖြစ်တဲ့ မာ့ခ်ကူကူရယ်လာ

8:51 AM, 29 August

စပိန်ကလာတဲ့သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာကို ခေါ်ယူနိုင်ဖို့ တော်တော်လေးနီးစပ်နေပြီလို့ သိရပါတယ်။ ဘယ်နောက်ခံကစားသမားဟာ ၂၀၂၂ တုန်းက ဘရိုက်တန်ထံကနေ ပေါင် ၆၂ သန်းနဲ့ ချဲလ်ဆီးအသင်းထံ ပြောင်းလာခဲ့တာဖြစ်ပေမယ့် အသင်းမှာနေရာရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ကူကူရယ်လာဟာ ပိုချက်တီနို လက်အောက်မှာ နေရာရဖို့ ရုန်းကန်နေရပြီး ဘန်ချီဝဲလ်နောက်မှသာ ပါဝင်ခွင့်ရရှိနေတာ ဖြစ်ပါတယ်။ လုခ်ရှောဒဏ်ရာရမှုနဲ့အတူ ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် အရေးပေါ်ခေါ်ယူမှုလုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ၂ လလောက်အနားယူရမှာဖြစ်သလို မာလာစီယာကလည်း ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ စနေနေ့တုန်းက ကူကူရယ်လာကို ကနဦးချဉ်းကပ်ခဲ့ပြီး မာကာသတင်းဌာနကတော့ ယူနိုက်တက်ဟာ ကူကူရယ်လာကို အငှားနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ပြောင်းရွှေ့ကြေးအပြင် လုပ်ခလစာပါပေးချေမယ်ဆိုရင် အငှားစေလွှတ်ဖွယ်ရှိနေပါတယ်။  ကစားသမားကိုယ်တိုင်ကလည်း ချဲလ်ဆီးမှာနေရတာ စိတ်ပျက်နေပြီး ယူနိုက်တက်ကို ပြောင်းချင်နေပါတယ်။ ယူနိုက်တက်အသင်းဟာ ချဲလ်ဆီးကစားသမားဟောင်း အလွန်ဆိုကိုလည်း ကနဦးကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာနောက်ခံလူကိုလည်း ယူနိုက်တက်ကပစ်မှတ်ထားနေပြီး အသင်းနဲ့ စာချုပ်သက်တမ်းက ၁ နှစ်သာကျန်တော့တာဖြစ်ပါတယ်။ ဒါပေမယ့် အလွန်ဆိုထက်စာရင် ယူနိုက်တက်ဘက်က ကူကူရယ်လာကို ပိုသဘောကျနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #အပြောင်းအရွှေ့ #ကူကူရယ်လာ