ရှေ့သို့
Image

ပါဗက်တစ်ယောက် အင်တာမီလန်ကိုသာ ပြောင်းချင်နေတယ်လို့ တူချယ် ထုတ်ဖော်ပြောကြား

10:24 AM, 28 August

ယူနိုက်တက်ပစ်မှတ် ပါဗက်တစ်ယောက် အင်တာမီလန်အသင်းထံသာ ပြောင်းချင်နေတယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ တူချယ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပါဗက်ဟာ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အော့စ်ဘတ်အသင်းနဲ့ ပွဲက လူစာရင်းကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်သားကို ယူနိုက်တက်နဲ့ အင်တာမီလန်တို့က ချိတ်ဆက်နေပြီး အခုအပတ်အစောပိုင်းတုန်းက ဖျားနာမှုကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရိုမာနိုရဲ့အဆိုအရ တူချယ်က ပါဗက်ဘာကြောင့် ပွဲစဉ်ကိုလွဲချော်ခဲ့လဲဆိုတာကို အတည်ပြုခဲ့ပြီး ကစားသမားကိုယ်တိုင်က အင်တာမီလန်ကို ပြောင်းချင်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“သူ့မှာပြဿနာအချို့ရှိနေပါတယ်။ ကျွန်တော်တို့နဲ့အတူ မရှိပါဘူး။ ပါဗက်အင်တာကို ပြောင်းချင်နေတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် တစ်လမ်းတည်းတော့ရှိနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ အစားထိုးဖို့ ရှာဖွေရပါမယ်။ မဖြစ်နိုင်တာလည်းရှိနိုင်ပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အင်တာမီလန်ဟာ ပါဗက်ကို ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အပြီးသတ်ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ ယူနိုက်တက်အသင်းက ပါဗက်ကို အသည်းအသန်ချိတ်ဆက်နေပေမယ့် အင်တာမီလန်ကပဲ နှာတစ်ဖျားသာနေတာဖြစ်ပါတယ်။

ပါဗက်နဲ့ ဘိုင်ယန်တို့ကြား စာချုပ်သက်တမ်းက ၁ နှစ်သာကျန်တော့တာဖြစ်ပြီး ဂျာမန်ကလပ်အနေနဲ့ အခုမရောင်းချရင် အလွတ်နဲ့ရောင်းထုတ်ရဖို့များနေပါတယ်။ လိုင်လီမှာ စီနီယာကစားသမားဘဝစတင်ခဲ့တဲ့ ပါဗက်ဟာ ၂၀၁၆ တုန်းက စတုဂတ်အသင်းထံပြောင်းရွှေ့ခဲ့ကာ ၂၀၁၉ မှာ ဘိုင်ယန်ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်အတွက်တော့ ပွဲပေါင်း ၁၆၃ ပွဲ ပါဝင်ကစားပြီး ၁၂ ဂိုးသွင်း ၊ ၁၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းနဲ့အတူ ၂၀၂၀ တုန်းက ချန်ပီယံလိဂ်ဖလားအပြင် ဘွန်ဒက်စ်လီဂါဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ ကိန်းရဲ့သွင်းဂိုး ၂ ဂိုးနဲ့ အတူ အော့စ်ဘတ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

#အင်တာမီလန် #အပြောင်းအရွှေ့ #တူချယ် #ပါဗက်