ရှေ့သို့
Image

အီတလီနည်းပြ ရာထူးကနေ နှုတ်ထွက်အပြီးမှာ ဆော်ဒီအာရေဗျနည်းပြအဖြစ် မြင်တွေ့ခွင့်ရတော့မယ့် မန်စီနီ

9:45 AM, 28 August

ယူရို ၂၀၂၀ ပြိုင်ပွဲအတွင်း အီတလီလက်ရွေးစင်အသင်းကို ဥရောပချန်ပီယံရေးအတွက် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တဲ့ အီတလီလက်ရွေးစင်အသင်းရဲ့ ဝါရင့်နည်းပြ မန်စီနီက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အောင်မြင်မှုမရခဲ့ဘဲ အီတလီလက်ရွေးစင် အသင်းက နှုတ်ထွက်ပြီး ၂ပတ်အကြာတွင် ဆော်ဒီအာရေဗျအသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

နာမည်ကျော် ဂေဇက်တာဒယ်လိုစပေါ့ သတင်းတိုက်ရဲ့ ဖော်ပြချက်အရ အီတလီလူမျိုး နည်းပြအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်ချ် မြို့တွင် အားပေးတဲ့ ပရိသတ်များစွာနဲ့အတူ ခမ်းနားတဲ့ မိတ်ဆက်ပွဲအစီအစဉ်မှာ ထွက်ပေါ်လာဖို့ရှိနေတာ ဖြစ်ပါတယ်။ မန်စီနီအနေဖြင့် ဆော်ဒီလက်ရွေးစင်အသင်းအတွက် ခန့်အပ်ခံခဲ့ရတာကြောင့် တစ်နှစ်လုပ်ခ ယူရို ၂၅သန်းအထိ အကျို့ခံစားခွင့်ရမှာလည်း ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျအသင်းနဲ့အတူ မန်စီနီရဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် ကော်စတာရီကာနဲ့ ခြေစမ်းကစားသွားမှာဖြစ်ပြီး အဆိုပါ ပွဲစဉ်ကို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် အသင်းရဲ့ အိမ်ကွင်း စိန့်ဂျိမ်းပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ သိမ်းငှက်စိမ်းအုပ်စုနဲ့အတူ ပျံသန်းမယ့် နည်းပြ မန်စီနီက လာမယ့်ပွဲစဉ်တွေအဖြစ် ကော်စတာရီကာ၊ တောင်ကိုရီးယားအသင်းတို့နဲ့ ခြေစမ်းကစားရမှာ ဖြစ်ပါတယ်။

မန်စီနီရဲ့ ပထဦးဆုံးနိုင်ငံတကာ စိန်ခေါ်မှုအနေဖြင့် အာရှတိုက်ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်တွေဖြစ်ပြီး ပါကစ္စတန်၊ ကမ္ဘောဒီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းယှဉ်ပြိုင် ကစားသွားရမှာလည်း ဖြစ်ပါတယ်။

#အီတလီ #မန်စီနီ